
စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်တာဝန်ခံသည် (၁၃.၂.၂၀၂၅)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် လေးမျက်နှာမြို့နယ်၊ ဗိုလ်ချုပ်လမ်း၊အမှတ်(၃)ရပ်ကွက်ရှိ မြို့နယ်စည်ပင်ရုံး၌ လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောခြင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးအောင်သန်းဌေးက စားသုံးကာကွယ်ရေးဥပဒေ ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသား အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁) ပုဒ်မခွဲ(ခ) နှင့်(ဆ) တို့ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခု ထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည့်အကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်လည်း Online စနစ်ဖြင့်ရောင်းချရာတွင် မှတ်ပုံတင်လက်မှတ်လျှောက်ထားမှုနှင့် စပ်လျဉ်း၍ လုပ်ငန်းရှင်များ လျှောက်လွှာပုံစံတွင် ဖြည့်သွင်း ထားသည့် လိပ်စာအတိုင်း လုပ်ငန်းအမှန်တစ်ကယ် တည်ရှိခြင်း၊ မှတ်ပုံတင်လက်မှတ် လျှောက်ထားစဉ်က ရောင်းချရန်တင်ပြထားသော ကုန်စည်(သို့)ဝန်ဆောင်မှု အမျိုးအစားစာရင်းအတိုင်း မြေပြင် တွင် အမှန်တစ်ကယ်ရောင်းချရမည်ဖြစ်ကြောင်း၊အွန်လိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာလုပ်ငန်းစဉ်များ အကြောင်း၊ စားသုံးသူ မိဘပြည်သူများ အနေဖြင့်လည်း စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ အကြောင်း သိရှိလိုပါက www.doca.gov.mm Websiteတွင် ဝင်ရောက်လေ့လာနိုင်ကြောင်း၊ စားသုံးသူ သတင်းပြန်ကြားရေး နှင့် တိုင်ကြားမှုလက်ခံ ဆောင်ရွက်ရေးစင်တာ (CICC) ရုံးခန်းများ ဖွင့်လှစ်ထားရှိမှု အခြေအနေတို့ကိုလည်းကောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။
DOCA(ဧရာဝတီ)