Main menu

မြောင်းမြခရိုင် မော်ကျွန်းမြို့နယ်အတွင်းရှိ Delivery လုပ်ငန်းလုပ်ကိုင်နေသော လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း

Powered by Drupal

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် မော်ကျွန်းမြို့နယ် တာဝန်ခံ  ဦးမင်းဇော်လတ်နှင့် ဝန်ထမ်းများသည် (၁၈.၂.၂၀၂၅)ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် မြို့နယ်တာဝန်ခံ ရုံး၌ Delivery လုပ်ငန်းလုပ်ကိုင်နေသောလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းဆောင်ရွက်ခဲ့ပါသည်။

             ထိုသို့ဟောပြောဆောင်ရွက်ရာတွင် မော်ကျွန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန တာဝန်ခံမှ အမြန်ချောပို့လုပ်ငန်းဖြစ်သော Royal Express   Delivery လုပ်ငန်းရှင်အား ခေါ်ယူတွေ့ဆုံ၍ မိမိတို့ဌာန အနေဖြင့်လက်ရှိဆောင်ရွက်လျက်ရှိသော လုပ်ငန်းတာဝန်များ၊ ရှေ့ဆက်လုပ်ဆောင်ရွက်ရမည့်လုပ်ငန်း တာဝန်များအားဦးစွာရှင်းလင်းပြောကြားခဲပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေများအကြောင်း၊ ဌာနမှထုတ်ပြန်ထားသောဥပဒေ ညွှန်ကြားချက် များအားသိရှိလိုက်နာဆောင်ရွက်ကြရန် ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)