Main menu

ထိုင်းနိုင်ငံတွင်လျှပ်စစ်မော်‌တော်ယာဉ်ထုတ်လုပ်ရန်အတွက် အမေရိကန်ဒေါ်လာ သန်း ၁၅၀ ရင်းနှီးမြှုပ်နှံရန် Mazda စီစဉ်

Powered by Drupal

          Mazda Motor Corp သည် ထိုင်းနိုင်ငံတွင် လျှပ်စစ်မော်တော်ယာဉ်ထုတ်လုပ်ရန်အတွက် အမေရိကန်ဒေါ်လာ သန်း ၁၅၀ ရင်းနှီးမြှုပ်နှံရန်စီစဉ်နေကြောင်း ထိုင်းနိုင်ငံရင်းနှီးမြှုပ်နှံမှုဘုတ် အဖွဲ့က ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ပြောကြားခဲ့ပါသည်။ ထိုရင်းနှီးမြှုပ်နှံမှုသည် ပြည်တွင်း ရောင်းချရန်နှင့် ဂျပန်နှင့် အာဆီယံနိုင်ငံများအစရှိသည့် အခြားနိုင်ငံများသို့ တင်ပို့ရန်ဖြစ်ပြီး တစ်နှစ်လျှင့် အစီးရေ ၁၀၀၀၀၀ ထုတ်လုပ်ရန် ရည်ရွယ်ထားကြောင်း သိရပါသည်။ လုပ်ငန်း၏ ကျွမ်းကျင်သူများအဆိုအရ အရှေ့တောင်အာရှ၏ အကြီးမားဆုံးလျှပ်စစ် မော်တော်ယာဉ် ဈေးကွက် ဖြစ်သည့် ထိုင်းနိုင်ငံတွင် လျှပ်စစ်မော်တော်ယာဉ်ရောင်းချရမှုသည် ယခုနှစ်၌ အစီးရေ ၁၀၀၀၀၀ ကျော်ဖြင့် လွန်ခဲ့သည့်နှစ်ကထက် ၄၀ ရာခိုင်နှုန်းမြင့်တက်ရန်ခန့်မှန်းရကြောင်း သိရပါသည်။

DOCA(ရန်ကုန်)