Main menu

“မြေပြန့်မှသည် တောင်ပေါ်ဆီသို့ ဈေးကွက်ချဲ့ထွင်လျက်ရှိသည့် ဆန်ဖြန့်ဖြူးရေးလုပ်ငန်း”

Powered by Drupal

            ရှမ်းပြည်နယ်(တောင်ပိုင်း)၊ စားသုံးသူဦးစီးဌာန၊ ကျောက်မဲခရိုင်မှ တာဝန်ရှိသူများသည် ( ၁.၆.၂၀၂၂ ) ရက်နေ့တွင် ကျောက်မဲမြို့၊ ပိန္နဲကုန်းကျေးရွာရှိ “ရတနာအောင် ဆန်ဖြန့်ဖြူးရေး” လုပ်ငန်းသို့ သွားရောက်၍ လုပ်ငန်းရှင်နှင့် တွေ့ဆုံပြီး ဈေးကွက်ချဲ့ထွင်နေမှု အခြေအနေများအား မေးမြန်းခဲ့ကြကြောင်း သိရသည်။

           “ရတနာအောင် ဆန်ဖြန့်ဖြူးရေး”မှ ဆန်များကို ကုန်ကြမ်း(စပါး) အဖြစ် ပြည်၊ ကောလင်း၊ မိုးမိတ်၊ ရန်ကုန်စသည့်မြို့များရှိ ဆန်စက်များမှတဆင့် မှာယူကြောင်း၊ မှာယူသည့် ဆန်များအား ပြန်လည်သန့်စင်၍ အဓိကအားဖြင့် တောင်ပေါ်ဒေသ ( လက်ဖက်ထွက်ရှိရာဒေသများ ) သို့ ပြန်လည် ဖြန့်ဖြူးရောင်းချကြောင်း သိရသည်။

          အခြားမြို့များမှ ကုန်ကြမ်း(စပါး)ကို ဝယ်ယူရာ၌ တစ်နှစ်ပတ်လုံး ဆန်ပြတ်လပ်မှုမရှိစေ ရန် သက်ဆိုင်သည့် ဆန်စက်ပိုင်ရှင်နှင့် ညှိနှိုင်း၍ ထိုဆန်စက်၌ပင် တစ်နှစ်ပတ်လုံးစာ ဝယ်ယူသို လှောင်ထားရှိပြီး လိုအပ်သည်နှင့်တပြိုင်နက် ကြိတ်ခွဲစေ၍ ကျောက်မဲမြို့သို့ ပေးပို့စေကြောင်း သိရသည်။ တစ်နှစ်ပတ်လုံးစာ ကုန်ကြမ်း(စပါး)ကို ကာလပေါက်ဈေးနှင့်အညီ ပေးချေကြောင်းလည်း သိရှိရသည်။

            ထိုသို့ ပေးပို့လာသည့် ကြိတ်ခွဲပြီးဆန်များအား ပြန်လည်သန့်စင်၍ အလတ်စနှင့် ထိပ်စဟူ ၍(၂)မျိုးခွဲခြား ရောင်းချပေးလျက်ရှိကြောင်း၊ အလတ်စ(၂၄)ပြည်(၁)အိတ်လျှင် ကျပ် ၂၇၀၀၀ မှ ၃၂၀၀၀ ကြား၊ ထိပ်စ (၂၄) ပြည်(၁)အိတ်လျှင် ကျပ် ၃၂၀၀၀ မှ ၃၈၀၀၀ ကြားရှိကြောင်း သိရသည်။(အလတ်စဟူသည် ကြိတ်ခွဲထားသည့်အတိုင်းပြန်လည်ရောင်းချသည့် ဆန်ဖြစ်၍ ထိပ်စဟူ သည်ကား တဆင့်ပြန်လည်သန့်စင်ပြီး ရောင်းချသည့်ဆန်ကို ဆိုလိုပါသည်။)

           ဆန်များကို ရောင်းချရာ၌ တစ်နှစ်ပတ်လုံး အရောင်းအဝယ် ပုံမှန်ဖြစ်လျက်ရှိပြီး အလတ်စ အမျိုးအစားဆန်များမှာ အများဆုံး ရောင်းချရပြီး ထိပ်စအမျိုးအစား ဆန်များမှာ မှာယူသည့် အော်ဒါ(Order) အပေါ်မူတည်၍ ရောင်းချရကြောင်း သိရသည်။

          ဖြန့်ဖြူးရောင်းချရာ၌ ယင်းတောင်ပေါ်ဒေသမှ ထွက်ရှိသည့် လက်ဖက်များကို ကာလပေါက် ဈေးနှင့်တွက်ချက်၍ ဆန်နှင့်ဖလှယ်ရောင်းချပေးလျက်ရှိသည့်အပြင် ငွေသားဖြင့်လည်း ရောင်းချပေးလျက်ရှိကြောင်း၊ ထိုသို့ ရောင်းချပေးရခြင်းမှာ တောင်ပေါ်ဒေသနေ လက်ဖက်စိုက်တောင်သူများ နှင့် အခြေခံလူတန်းစားများ အဆင်ပြေစေရန် ရည်ရွယ်၍ ရောင်းချပေးနေရခြင်းဖြစ်ကြောင်း သိရသည်။ ထိုစနစ်ဖြင့် ရောင်းချပေးလျက်ရှိသည့်အတွက် လက်ဖက်စိုက်တောင်သူများအနေဖြင့်လည်း ကျေးဇူးတင်ဝမ်းမြောက်လျက်ရှိကြောင်း ပြောကြားချက်အရ သိရသည်။

          “ရတနာအောင် ဆန်ဖြန့်ဖြူးရေး”မှ ဆန်များကို တောင်ပေါ်ဒေသများအပြင် ကျောက်မဲမြို့ နှင့် အခြားနယ်များသို့လည်း ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရပါသည်။

DOCA(ရှမ်း)