
တိုကျိုမြို့ရှိ အသစ်တည်ဆောက်ထားသော ကွန်ဒိုများ၏ ပျမ်းမျှစျေးနှုန်းသည် ဇန်နဝါရီလ တွင် ယန်း ၇၃.၄၃ သန်း (အမေရိကန်ဒေါ်လာ ၄၈၃၇၅၇ ခန့်) သို့ ကျဆင်းခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၇.၇ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း အိမ်ခြံမြေစီးပွားရေးအင်စတီကျူ့မှ ဖေဖော်ဝါရီ ၁၉ ရက်နေ့က ဖော်ပြခဲ့သည်။ ကျဆင်းမှုသည်တိုကျိုမြို့၏ ရပ်ကွက် ၂၃ ခုတွင်ရှိသည့် တန်ဖိုးကြီးယူနစ် အရေ အတွက် သိသိသာသာကျဆင်းခြင်းကြောင့်ဖြစ်သည် ဟု အစီအရင်ခံစာတွင် ဖော်ပြထားသည်။ အဆက်မပြတ် မြင့်မားသောဆောက်လုပ်ရေးကုန်ကျစရိတ်များကြားတွင်၊ တိုကျိုမြို့၏ ၂၃ ရပ်ကွက် တွင်စတင်ရောင်းချသည့် ကွန်ဒိုအခန်းအသစ်အရေအတွက်သည် တစ်နှစ်ထက်တစ်နှစ် ၅၉.၁ ရာခိုင်နှုန်းကျဆင်းသွားကာ ပျမ်းမျှစျေးနှုန်းကိုကျဆင်းစေသည်။ Tokyo၊ Kanagawa၊ Saitama နှင့် Chiba အပါအဝင် တိုကျိုမြို့တော်ဧရိယာရှိ ကွန်ဒိုအသစ်များ၏ စုစုပေါင်းထောက်ပံ့မှုမှာ အားနည်း လျှက်ရှိသည်။ ယခုနှစ်အစတွင် ရာသီအလိုက် ရောင်းချမှုခေတ္တ ရပ်နားထားသောကြောင့် ဇန်နဝါရီ တွင် အလုံးရေ ၆၂၀ သာ ရောင်းချခဲ့ရပြီး စျေးကွက်သို့ရောက်ရှိလာသော အထပ်မြင့်ကွန်ဒိုများ ကဲ့သို့သော အကြီးစားပရောဂျက်များလည်း နည်းပါးလာကြောင်းသိရသည်။ တိုကျိုမြို့လယ်တွင် ကြီးမားသော ဖွံ့ဖြိုးတိုးတက်မှုများစွာကို လာမည့်လများအတွင်းစတင်လုပ်ဆောင်ရန် စီစဥ်ထားသော ကြောင့် ပျမ်းမျှစျေးနှုန်းများ ထပ်မံမြင့်တက်လာစေရန်လည်း အဆိုပါအင်စတီကျူ့မှ မျှော်လင့်ထား သည်။
DOCA(ရန်ကုန်)