
၁၉-၂-၂၀၂၄ ရက်နေ့ နံနက် (၁၀:၃၀) နာရီအချိန်တွင် မအူပင်မြို့နယ်ကုန်ဈေးနှုန်း တည်ငြိမ်ရေး လုပ်ငန်းအဖွဲ့ဝင်များနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ စားအုန်းဆီလက်လီရောင်းချ သောဆိုင်များအားကွင်းဆင်းဈေးကွက်စောင့်ကြည့်စစ်ဆေးမှုကိုဆောင်ရွက်ခဲ့ပါသည်။
ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မအူပင်မြို့နယ်အတွင်း ဆီရောင်းချသည့် လက်ကား/လက်လီအရောင်းဆိုင်(၂၈)ဆိုင်မှ စားအုန်းဆီရောင်းချနေမှု အခြေအနေများကို စစ်ဆေးပြီး စစ်ဆေးတွေ့ရှိချက်များကို အဖွဲ့စုံဖြင့် စားအုန်းဆီ ပြည်သူများ လက်ဝယ်အရောက် ဝယ်ယူရရှိရေးအတွက် စစ်ဆေးဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့် ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေးအတွက် စစ်ဆေး ဆောင်ရွက်ခြင်းဖြစ်ပြီး၊ စစ်ဆေးတွေ့ရာတွင် ဆီအရောင်းဆိုင်ရှင်များကို တစ်ဦးခြင်း ဆီထုတ်ယူရရှိသည့် ပိဿာကို စစ်ဆေးခြင်း၊ ဈေးနှုန်းများ ဗီနိုင်းချိတ်ရောင်းချမှု ရှိ/မရှိကို စစ်ဆေးခြင်း၊ နေ့စဉ် ခွဲတမ်းရရှိသော ဆီများကို စားသုံးသူဝယ်ယူမှု ကျန်ရှိပိဿာများကို တိုက်ဆိုင်စစ်ဆေးခြင်း၊ ဆီရောင်းချမှု ပိဿာစာရင်းများကို Reg စာအုပ်ဖြင့် ရေးသွင်းထားခြင်း မရှိသည့် ဆိုင်များကို စစ်ဆေးခြင်း၊ ဆီထုတ်ယူပြီး ကုန်ကျစရိတ် ထပ်မံဖြည့်သွင်း၍ ၂ရာနှုန်းအမြတ်ဖြင့်သာရောင်းချမှု ရှိ/မရှိကို စစ်ဆေးခြင်း များ ဆောင်ရွက်ခဲ့ပြီး သတ်မှတ်ချက်များကို လိုက်နာမှု မရှိသော ဆိုင်များကို ပထမအကြိမ် သတိပေးခြင်း၊ ဒုတိယအကြိမ် ဝန်ခံကတိလက်မှတ်ရေးထိုးခြင်း၊ နောက်ဆုံးအကြိမ် ဥပဒေအရ အရေးယူ ဆောင်ရွက်ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့ပြီး၊ ဆီအရောင်းဆိုင်များမှ သိရှိလိုက်နာဆောင်ရွက်မည်ဖြစ်ကြောင်းကို အဖွဲ့စုံရှေ့တွင် ဝန်ခံကတိပြု မှတ်တမ်းသွင်းခဲ့ကြပြီး ညွှန်ကြားချက်များကို တိကျစွာလိုက်နာဆောင်ရွက်မည်ဖြစ်၍ လိုက်နာမှု မရှိကြောင်း စိစစ်တွေ့ရှိပါက အရေးကြီးကုန်စည် ဝန်ဆောင်မှုဥပဒေ စီမံခန့်ခွဲရေးနည်းလမ်း များအရ အရေးယူဆောင်ရွက်မည်ကို လိုက်နာဆောင်ရွက်မည်ဖြစ်ကြောင်း ဆိုင်ရှင်များက သိရှိကြောင်း လက်မှတ်ရေးထိုးခဲ့ကြသည်။
မအူပင် စာအုန်းဆီအရောင်းဆိုင်(၂၆)တိုင်အား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စုံစမ်းစစ်ဆေးရေးအဖွဲ့၊ စည်ပင်သာယာရေး ကော်မတီ၊ စားအုန်းဆီကုန်သည်များအသင်း၊ စားသုံးသူရေးရာဦးစီးဌာန အစရှိသော မြို့နယ် ကုန်ဈေးနှုန်း တည်ငြိမ်ရေးလုပ်ငန်းအဖွဲ့တို့ ပါဝင်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)