
ဂျပန်နိုင်ငံ ဓာတ်ခွဲခန်းနှင့် စမ်းသပ်ခန်းသုံးပစ္စည်းများထုတ်လုပ်သည့်ကုမ္ပဏီဖြစ်သည့် Tamron သည် ဗီယက်နမ်နိုင်ငံ Binh Xuyen ပြည်နယ်ရှိ Thang Long Vinh Phuc စက်မှုဇုန် တွင် ဖေဖော်ဝါရီလ ၁၉ ရက်နေ့က စက်ရုံဖွင့်လှစ်ခဲ့ကြောင်း သိရပါသည်။၂၀၂၃ ခုနှစ်မေလက ခွင့်ပြုခဲ့သည့် အမေရိကန်ဒေါ်လာ ၃၁ သန်းတန် စီမံကိန်းသည် ဧရိယာ ၂.၅ ဟတ်တာ ကျယ်ဝန်းပြီး ထုတ်လုပ်ရေးရုံများ၊ သိုလှောင်ရုံများနှင့် ရေဆိုးထိန်းသိမ်းရုံများ ပါဝင်ကြောင်း သိရပါသည်။ ထိုစက်ရုံမှ ဓာတ်ခွဲခန်းနှင့် စမ်းသပ်ခန်းသုံးပစ္စည်း နှစ်စဉ် အခုရေ ၅၀၂၅၀၀ ထုတ်လုပ်နိုင်စွမ်းရှိကြောင်း သိရပါသည်။ Vinh Phuc စက်မှုဇုန်စီမံခန့်ခွဲရေးဘုတ်အဖွဲ့၏ ဒုတိယညွှန်ကြားရေးမှူးဖြစ်သူ Nguyen Cong Thang က Tamron ၏ စီမံကိန်းလျှင်မြန်စွာ အကောင်အထည်ဖော်နိုင်မှုကို အမွှမ်းတင်ပြောကြားခဲ့ပြီး ဒေသတွင်းစီးပွားရေးတွင် ၎င်းတို့၏ ပူးပေါင်းဆောင်ရွက်မှုအပေါ် ယုံကြည်ချက်ရှိကြောင်း ပြောကြားခဲ့ပါသည်။ ပြည်နယ်တွင် ဂျပန်လုပ်ငန်းပေါင်း ၆၀ ကျော် လုပ်ငန်းလည်ပတ်လျှက်ရှိပြီးဖြစ်ပြီး Tamron ၏ဝင်ရောက် လာမှုသည် ဂျပန်ရင်းနှီးမြှုပ်နှံမှု ဆက်လက်ဆွဲဆောင်နိုင်ရန် မျှော်လင့်ရကြောင်း သိရ ပါသည်။ ပြည်တွင်းအာဏာပိုင်များကလည်း ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းခြင်း၊ အုပ်ချုပ်မှု လုပ်ထုံးလုပ်နည်းများပြေပြစ်မြန်ဆန်ခြင်းနှင့် အများပြည်သူဝန်ဆောင်မှုမြှင့်တင်ခြင်း တို့မှ တစ်ဆင့် ဆက်လက်ပံ့ပိုးပေးသွားရန် ကတိပြုခဲ့ကြောင်း သိရပါသည်။ ၎င်းတို့သည် Tamron အား လုပ်သားများအား သက်သာချောင်ချိရေးဦးစားပေးကာ သဘာဝပတ်ဝန်းကျင်နှင့် သင့်လျော်ပြီး လုံခြုံရေးစံနှုန်းများ ထိန်းသိမ်းရန်တိုက်တွန်းခဲ့ကြောင်း သိရပါသည်။ Tamron Optical Vietnam Co.Ltd သည် ၂၀၁၂ ခုနှစ်မှစ၍ ဗီယက်နမ်၌ လုပ်ငန်းလည်ပတ်လျှက်ရှိပြီး Noi Bai စက်မှုဇုန်တွင်တည်ရှိသည့် ၎င်းတို့၏ပထမဆုံးစက်ရုံတွင် မျက်မှန်များနှင့် ဆက်စပ် ပစ္စည်းများ ထုတ်လုပ်လျှက်ရှိကြောင်း သိရပါသည်။ ကုမ္ပဏီသည် လတ်တလောတွင် လုပ်သား ၁၆၀၀ ခန့်အပ်ထားကြောင်း သိရပါသည်။
DOCA(ရန်ကုန်)