Main menu

အောင်လံကုန်စည်ဒိုင်၏ သီးနှံရောင်းဝယ်ဖြစ်မှု အခြေအနေ

Powered by Drupal

                  အောင်လံကုန်စည်ဒိုင်တွင် ယခင်အပတ်(26.၅.၂၀၂၂)ရက်နေ့နှင့် ယခုအပတ်(၁.6.၂၀၂၂) ရက်နေ့ အတွင်း နှမ်းနက်စမုံနှင့်နှမ်းပြာဈေးနှုန်းတို့မှာ ပြောင်းလဲမှုမရှိဘဲ နှမ်းဖြူနှင့်နှမ်းနီတို့မှာ ယခင်အပတ် (၁၅၅၀၀ဝိ/-) ယခုအပတ်(၁၆၅၀၀ဝိ/-)ရှိခဲ့၍  (၁၀၀၀ဝိ/-)ကျပ် အသီးသီးဈေးမြင့်ခဲ့ပါသည်။

            ပဲမျိုးစုံဈေးကွက်တွင် ဘိုကိတ်ပြာမှာ  ယခင်အပတ်ဈေးနှုန်းအတိုင်း ပြောင်းလဲမှုမရှိဘဲ ပဲစဉ်းငုံ(နီ) (၂၀)ပိဿာဝင် (၁)တင်း ယခင်အပတ် (၄၂၀၀ဝိ/-) ယခုအပတ်(၄၂၄၀ဝိ/-)ဖြစ်၍ (၄၀ဝိ/-)ဈေးမြင့်တက်ခဲ့ကြောင်း၊ မတ်ပဲ ယခင်အပတ်(၄၅၅၀ဝိ/-) ယခုအပတ်(၄၆၅၀ဝိ/-)ဖြစ်၍ (၁၀၀ဝိ/-)ကျပ်ဈေးမြင့်တက်ခဲ့ကြောင်း၊ ကုလားပဲ(HL) ယခင်အပတ်(၄၇၀၀ဝိ/-) ယခုအပတ်(၄၇၅၀ဝိ/-)ဖြစ်၍ (၅၀ဝိ/-)ဈေးမြင့်တက်ခဲ့ကြောင်း၊ ကုလားပဲ(မြကြေး) ယခင်အပတ် (၄၇၅၀ဝိ/-) ယခုအပတ်(၄၈၀၀ဝိ/-)ဖြစ်၍ (၅၀ဝိ/-)ဈေးမြင့်တက်ခဲ့ကြောင်း၊ ပဲကြီး ယခင်အပတ်(၆၇၀၀ဝိ/-) ယခုအပတ်(၆၉၀၀ဝိ/-)ဖြစ်၍ (၂၀၀ဝိ/-)ဈေးမြင့်တက်ခဲ့ကြောင်း၊ မြေပဲလုံးဆံဖြူ ယခင်အပတ် (၄၂၀ဝိ/-) ယခုအပတ် (၄၂၇၅)ကျပ်ဖြစ်၍ (၇၅)ကျပ် ဈေးမြင့်တက်ခဲ့ပြီး၊  မြေပဲလုံးဆံနီမှာ ယခင်အပတ် (၄၀၀ဝိ/-) ယခုအပတ် (၃၉၅ဝိ/-)ရှိ၍ (၅ဝိ/-)ဈေးလျော့နည်းခဲ့ကာ အရောင်းအဝယ်ပမာဏအနေဖြင့် နှမ်းနက်(စမုံ) (၇၅၀)အိတ်၊ နှမ်းပြာ(၁၂၅)အိတ်၊ နှမ်းဖြူ(၁၀၀)အိတ်၊ နှမ်းနီ(၁၂၀)အိတ်၊ ပဲစဉ်းငုံ(နီ)(၈၅၀)အိတ်၊ မတ်ပဲ(၂၈၀)အိတ်၊ ကုလားပဲ(HL)(၇၈၀)အိတ်၊ ကုလားပဲ(မြကြေး)(၆၀၀)အိတ်၊ ဘိုကိတ်ပြာ(၄၅၀)အိတ်၊ ပဲကြီး(၇၇၀) အိတ်၊ မြေပဲလုံးဆံဖြူ(၈၅၀) အိတ်၊ မြေပဲလုံးဆံနီ(၆၅၀)အိတ်တို့အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရှိရပါသည်။

            ဝါဈေးကွက်အနေဖြင့် ယခင်အပတ်(၂၆.၅.၂၀၂၂)နေ့နှင့် ယခုအပတ် (၁.၆.၂၀၂၂) နေ့အတွင်း တစ်ပိဿာလျှင် (၂၂၀ဝိ/-)ဈေးနှုန်းဖြင့် ပိဿာချိန် (၂၈၀၀၀)ခန့် အရောင်းအဝယ်ရှိခဲ့ကြောင်း ကုန်သည်ထံမှ သိရှိခဲ့ရပါသည်။

DOCA(မကွေး)