Main menu

လားရှိုးမက်မန်းဝိုင်လုပ်ငန်း

Powered by Drupal

            ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများသည် (၁.6.2022)ရက်နေ့တွင် မယ်ဟန်ကျေးရွာအုပ်စု၊ နန့်ခိုက်ကျေးရွာရှိ ဒေါ်မျက်မှန်ကုမ္မဏီ ထုတ် “Lachilli” တံဆိပ် မက်မန်းဝိုင်စားသောက်ကုန်လုပ်ငန်းသို့ သွားရောက်ကွင်းဆင်းလေ့လာခဲ့ကြကြောင်း သိရှိရပါသည်။ ပိုင်ရှင်၏ပြောကြားချက်အရ “Lachilli” တံဆပ်မက်မန်းဝိုင်လုပ်ငန်းကို  2016ခုနှစ်တွင် လုပ်ကိုင်ခဲ့ပြီး မက်မန်းဝိုင် (Lachilli)ကို အရောင်လှပစေရန် မက်မန်းသီးကိုယိုးဒယားမှ တိုက်ရိုက်ဝယ်ယူခဲ့ရကြောင်း သိရှိရပါသည်။

          မက်မန်းဝိုင်ပြုလုပ်ရာတွင် ယိုးဒယားမက်မန်းသီး၊ သကြားစသည်တို့ဖြင့်ပြုလုပ်ပြီး ၎င်းဝိုင်အား မူလလက်ဟောင်းနည်းစနစ်ဖြင့် ပြုလုပ်ထားပြီး သဘာဝအတိုင်းအချဉ်ဖောက်ထားသဖြင့် အသီးနံ့ သင်းသင်းလေးကို ထိန်းထားနိုင်ကြောင်း သိရှိရပါသည်။ အချို့သစ်သီးဝိုင်များကဲ့သို့ အသီးကိုအရက်ဖြင့်စိမ်ပြီး ထုတ်လုပ်ထားခြင်း မဟုတ်သောကြောင့် မက်မန်းဝိုင်သောက်သုံးခြင်းဖြင့်  သွေးလည်ပတ်မှုကောင်းမွန်စေခြင်း၊ အဆုတ်ကိုကောင်းစေခြင်း၊ အလှအပထိန်းသိမ်းပေးခြင်း စသည့်ကောင်းကျိုးများပေးကြောင့် သိရှိရပါသည်။ ဈေးနှုန်းအနေဖြင့် မက်မန်းဝိုင် “Lachilli” (750ml)တစ်ပုလင်းကို လက်ကားဈေး(၁၅၀၀ဝိ/-) ကျပ်နှင့် လက်လီဈေး(၁၂၀၀ဝိ/-) ကျပ်ဖြင့်ရောင်းချပြီး အွန်လိုင်းပေါ်နှင့် Market များသို့ တင်သွင်းထားကြောင်း သိရှိရပါသည်။ ဝိုင်းတစ်ပုလင်း ဝယ်ယူပါက ဖောက်တံတစ်ချောင်းနှင့် အိတ်တစ်လုံးကို လက်ဆောင်ထည့်ပေးပြီး မိမိဘာသာသောက်သုံးရန်နှင့် လက်ဆောင်ပေးရန်သင့်လျော်ကြောင်း သိရှိရပါသည်။

          ယခုအချိန်တွင် ယိုးဒယားမက်မန်းပျိုးပင်များကို မိမိကိုယ်ပိုင်ခြံတွင် စိုက်ပျိုးထားသောကြောင့် လာမည့်နှစ်များတွင် ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချနိုင်မည်ဖြစ်ပြီး၊  လုပ်ငန်းများထပ်မံတိုးချဲ့လုပ်ကိုင်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ ဝိုင်များကို ပြည်ပမှဝယ်ယူသုံးစွဲမည့်အစား ပြည့်တွင်းဖြစ်ဝိုင်များကို သုံးစွဲပါက ကျန်းမာရေးနှင့် ညီညွတ်ပြီး ဈေးနှုန်းချိုသာစွာနှင့် သုံးစွဲနိုင်မည်ဖြစ်၍ ပြည်တွင်းဝင်ငွေများလည်း တစ်ဖက်တစ်လမ်းမှ တိုးတက်လာမည်ဖြစ်ကြောင်း လေ့လာသိရှိရပါသည်။

DOCA(ရှမ်း)