
စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်ချက်အရ စားသုံးသူများ အားလုံးသည် ကုန်စည်နှင့် ဝန်ဆောင်မှုများအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစွာသုံးစွဲနိုင်ရေး အတွက် ခရိုင်အတွင်းရှိ ထုတ်လုပ်လျှက်ရှိသော ကုန်စည်များနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် ကုန်အညွှန်းအမှတ် အသားများ ပြည့်စုံမှန်ကန်စွာဖေါ်ပြမှုရှိစေရေး ရည်ရွယ်၍ ဆောင်ရွက်လျှက် ရှိရာ ပြည်ခရိုင်အတွင်း ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်မှ(၁၅)ရက်အတွင်း ပြည်ခရိုင်၊ ပြည်မြို့နယ်တွင် ခေတ္တရာမြို့သစ်ရပ်ကွက်၊ ဘုရင့်နောင်လမ်းမကြီးဘေးရှိ ဦးဟိန်းသူရရွှေ၏ “Smart Lady” အထည်လုပ်ငန်းဆိုင်သို့လည်းကောင်း၊ ရွှေတောင်မြို့နယ်တွင် ကြာနီကန်ရပ်ကွက် ရန်ကုန်-ပြည်လမ်းရှိ ဦးဇော်မင်းထွန်း၏ “ဇော်မင်းထွန်း”ဆီစက်သို့လည်းကောင်း၊ ပန်းတောင်း မြို့နယ်တွင် ဥသျှစ်ပင်မြို့ရှိ ဦးနေလင်းထွန်း၏ “ဆယ်စု” ဆန်/ဆီရောင်းဝယ်ရေးဆိုင်နှင့် ဒေါ်နီနီမာ ၏ “သန်းကြွယ်” ဆန်/ဆီရောင်းဝယ်ရေးဆိုင်သို့လည်းကောင်း၊ ပေါက်ခေါင်းမြို့နယ်တွင် အမှတ် (၅) ရပ်ကွက်ရှိ ဦးသန်းနိုင်၏ “ချမ်းမြေ့ပါစေ” ဣစ္ဆိတံနှင့် မုန့်ကြိုးလိမ်လုပ်ငန်းသို့လည်းကောင်း၊ သက်ဆိုင်ရာ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် သွားရောက်၍ မိမိတို့ ဖြန့်ဖြူးရောင်းချလျက်ရှိ သော ကုန်စည်များတွင် အရည်အသွေး၊ အလေးချိန်၊ အချိန်အတွယ်၊ ပမာဏနှင့် အမျိုးအစားများ မှန်ကန်စွာ ဖြန့်ဖြူးရောင်းချမှုရှိစေရေး၊ စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ထုတ်လုပ် ရောင်းချ မှုရှိစေရေး၊ ကုန်စည်အလိုက် ဖေါ်ပြရမည့် ကုန်အညွှန်းအမှတ်အသားများ၊ ပြည့်စုံ မှန်ကန်စွာ ဖေါ်ပြ မှုရှိစေရေး လိုက်နာဆောင်ရွက်ကြရန်နှင့် နောက်ပိုင်းကာလများတွင် ကွင်းဆင်းစစ်ဆေးမှုများနှင့် အတူ အရေးယူဆောင်ရွက်မှုများ ပြုလုပ်ဆောင်ရွက်သွားမှာဖြစ်သည့် အတွက် စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် အထူးအလေးထား လိုက်နာဆောင်ရွက်ကြရန် ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ပဲခူး)