စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ဦးစီးမှူးရုံး အစည်းအဝေးခန်းမ(၁)၌ ၂၇.၅.၂၀၂၂ရက်နေ့ ၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပဲခူးတိုင်းဒေသကြီး(အရှေ့)ဆန်စက် လုပ်ငန်းရှင်များအသင်း အလုပ်အမှုဆောင် ရွေးချယ်တင်မြှောက်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၊ စီးပွားရေးရာဝန်ကြီးဦးတင်ဦးမှ တက်ရောက်အမှာစကားပြောကြားခဲ့ပြီး၊ ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူးများ၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် နှင့် မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များ အသင်းတို့မှ တာဝန်ရှိသူများ ၊ ပဲခူးတိုင်းဒေသကြီး(အရှေ့) ဆန်စက်လုပ်ငန်းရှင် (၃၇)ဦးတို့ တက်ရောက်ခဲ့ကြပြီး ပဲခူးတိုင်းဒေသကြီး (အရှေ့) ဆန်စက်လုပ်ငန်းရှင်များအသင်း (၂၀၂၂-၂၀၂၅)ခုနှစ်အတွက် ဦးပြည့်ဖြိုးအောင် (စိန်သုံးလုံး ဆန်စက်) ပဲခူးမြို့အား ဥက္ကဌဖြစ်ရွေးချယ်တင်မြှောက်၍ ဒုဥက္ကဌ(၆)ဦး၊ အတွင်းရေးမှူး၊ တွဲဖက် အတွင်းရေးမှူး (၆)ဦး၊ ဘဏ္ဍာရေးမှူး၊ တွဲဖက်ဘဏ္ဍာရေးမှူး(၃)ဦး၊ စာရင်းစစ် ၊ တွဲဖက်စာရင်းစစ် (၃)ဦး၊ အလုပ်အမှုဆောင်(၂၂)ဦးကို ရွေးချယ်တင်မြှောက်ခဲ့ပါသည်။
ဆက်လက်၍ ပဲခူးတိုင်း(အနောက်) ဆန်စက်လုပ်ငန်းရှင်များအသင်း ရွေးချယ်တင်မြှောက်ပွဲ အခမ်းအနားကို သာယာဝတီခရိုင်၊ လက်ပံတန်းမြို့၊ Royal Pine Hill Hotel ၌ ၇.၆.၂၀၂၂ရက်နေ့ နံနက် (၁၀:၀၀)နာရီ အချိန်တွင် ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
DOCA(ပဲခူး)