
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် သာယာဝတီမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့်ပူးပေါင်း၍ ( ၁၇.၂.၂၀၂၅ )ရက်နေ့ နံနက် ( ၁၀:၀၀ )နာရီအချိန်တွင် ပြန်ဆက်ဦးစီးဌာန Community Centerတွင် ဦးစီးမှူး ဒေါ်ခိုင်ခိုင်ရီက အွန်လိုင်စနစ်ဖြင့်လုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာအသိပညာပေး Talk Show ကျင်းပဆောင်ရွက်ခဲ့ပါသည်။
ဦးစီးမှူး ဒေါ်ခိုင်ခိုင်ရီက အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း (Online Sale) လုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာအမိန့်ကြော်ငြာစာအမှတ် (၅၁/၂၀၂၃)ကို ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၁ရက်နေ့တွင်ထုတ်ပြန်ခဲ့ ပါကြောင်း အွန်လိုင်းစနစ်မှတ်ပုံတင်ရာတွင် ကုန်စည်အုပ်စုနှင့် ဝန်ဆောင်မှုအုပ်စု နှစ်မျိုးသတ်မှတ် ထားရှိပါကြောင်း ကုန်စည်အုပ်စုတွင် အမျိုးအစား (၂၂)မျိုးနှင့် ဝန်ဆောင်မှုအုပ်စုတွင် အမျိုးအစား(၁၄)မျိုးပါရှိကြောင်း၊ အွန်လိုင်းစနစ်ဖြင့် မှတ်ပုံတင်လျှောက်ထားရာတွင် ကုမ္ပဏီ(သို့) စီး ပွားရေးအဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တစ်ဦးချင်းဖြင့်လျှောက်ထားနိုင်ကြောင်း၊.ပြည်သူများအနေဖြင့် အွန်လိုင်းစနစ်ဖြင့်ဈေးဝယ်ထွက်မယ်ဆိုရင် မိမိဝယ်ယူမည့် ကုန်စည်ကိုလေ့လာပြီးစိတ််ချရမှုရှိသည့် Online Shopping များတွင် ဝယ်ယူကြရန်၊ မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားသော Website များ၊ ဆက်သွယ်ရန်ဖုန်းနံပါတ်၊ လိပ်စာတို့ကိုတိကျစွာဖော်ပြထားသော ကတိကဝတ်အတိုင်း ဝန်ဆောင်မှု ပေးသူများထံတွင်ဝယ်ယူသုံးစွဲကြရန်နှင့် Social Media များမှကြော်ငြာရောင်းချသော ကုန်ပစ္စည်းများနှင့် ပတ်သက်ပြီးအလွယ်တကူ မဆုံးဖြတ်ဘဲ ယုံကြည်စိတ််ချဖွယ်ရာ အချက်အလက် များအား သေချာစွာ စိစစ်ပြီးဝယ်ယူရန် အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)