ဧရာ၀တီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ၂၀၂၂ခုနှစ်၊ မေလ (၂၆) ရက်နေ့ နံနက် (၁၀:၀၀)နာရီတွင် ကိုဗစ်ကြောင့်ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုအပေါ် ကုစားရေးကော်မတီမှ လုပ်ငန်းထိခိုက်မှုရှိသော ကုမ္ပဏီ/လုပ်ငန်းရှင်များအား ချေးငွေထုတ်ချေးမှုနှင့် ပတ်သက်၍ ချေးငွေများ အကျိုးရှိစွာ အသုံးချမှုအပေါ် စိစစ် ကြပ်မတ်ရေးအဖွဲ့နှင့် မြို့ပေါ်ရှိ ချေးငွေရယူထားသော ကုမ္ပဏီ/လုပ်ငန်းရှင်(၃၀)ဦးနှင့် တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ခဲ့ပါသည်။
ဆွေးနွေးပွဲတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ကိုဗစ်-၁၉ ချေးငွေ ဥက္ကဌ ဦးသက်ပိုင်မှ အဖွင့်အမှာစကား ပြောကြား၍ စားသုံးသူရေးရာဦးစီးဌာန တိုင်းဦးစီးမှူး အတွင်းရေးမှူး ဦးစိုးအောင်က သတ်မှတ်ကာလအတွင်း အတိုး/အရင်း ချေးငွေများ ပြန်လည် ပေးဆပ်ရမည့် ကိစ္စရပ်များနှင့် ပုသိမ်မြို့ မြန်မာ့စီးပွားရေးဘဏ် ခရိုင်မန်နေဂျာ ကိုယ်စား ကြီးကြပ်ရေးမှူး ဦးဇော်ဇော်အောင်က ကိုဗစ်-၁၉ ချေးငွေနှင့် ပတ်သက်၍ ဘဏ်လုပ်ငန်း ညွှန်ကြားချက်များအား ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသော စီးပွားရေးလုပ်ငန်းရှင်များကလည်း သိလိုသည်များကို မေးမြန်းခဲ့ရာ သက်ဆိုင်ရာ တာ၀န်ရှိသူများက ပြန်လည် ရှင်းလင်း ဖြေကြားပေးခဲ့ကြောင်း သိရသည်။
DOCA(ဧရာဝတီ)