Main menu

ဖိလစ်ပိုင်သို့ ဆန်တိုးမြှင့်တင်ပို့ရန် အသင့်ရှိဟု ကမ္ဘောဒီးယား ဝန်ကြီးချုပ်ပြောကြား

Powered by Drupal

          ဖိလစ်ပိုင်နိုင်ငံသည် စားနပ်ရိက္ခာထောက်ပံ့ရေးအတွက် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရချိန် တွင် ကမ္ဘောဒီးယားဝန်ကြီးချုပ် Hun Manet က ကမ္ဘောဒီးယားနိုင်ငံ အနေဖြင့် ဖိလစ်ပိုင်၏ စားနပ်ရိက္ခာဖူလုံမှုကို ပံ့ပိုးပေးနိုင်ရန်အတွက် ဆန်နှင့် အခြားလယ်ယာထွက်ကုန်များအား တိုးမြှင့် တင်ပို့ရန် ပြင်ဆင်ထားသည်ဟု ဖိလစ်ပိုင် သမ္မတ Ferdinand Marcos အား အာမခံ ပြောကြား ခဲ့ပါသည်။

          ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် မနီလာမြို့တော်ရှိ Malacañang သမ္မတအိမ်တော်၌ ကမ္ဘော ဒီးယားနှင့် ဖိလစ်ပိုင် နှစ်နိုင်ငံအကြား နားလည်မှုစာချွန်လွှာ ၈ စောင်ကို လက်မှတ်ရေးထိုးခဲ့ပြီး နောက်  သမ္မတ Marcos နှင့် ပူးတွဲသတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာတွင် ဝန်ကြီးချုပ် Hun Manet က ကုန်သွယ်မှုနှင့် လယ်ယာစိုက်ပျိုးကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှုတို့ကို ခိုင်မာအားကောင်းအောင် မြှင့်တင်လုပ်ဆောင်မည့် ကမ္ဘောဒီးယား၏  ကတိကဝတ်ကို ထပ်မံအတည်ပြုခဲ့ပြီး ဖိလစ်ပိုင်သို့ ဆန်နှင့် အခြားမရှိမဖြစ်လိုအပ်သော စားနပ်ရိက္ခာ ထုတ်ကုန်များ ထောက်ပံ့ပေးရန် အသင့်ရှိ ကြောင်း အလေးပေး ပြောကြားခဲ့သည်။

          သမ္မတ Marcos ကလည်း ကမ္ဘောဒီးယားသည် ဖိလစ်ပိုင်၏ စားနပ်ရိက္ခာဖူလုံရေး ကြိုးပမ်း မှုတွင် အဓိကမိတ်ဖက်နိုင်ငံဖြစ်ကြောင်း အထူးသဖြင့် အသစ်ချုပ်ဆိုထားသော စိုက်ပျိုးရေးနှင့် လယ်ယာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာသည် အရေးပါကြောင်း မီးမောင်းထိုး ပြောဆိုခဲ့ပါသည်။

          ၂၀၂၃ ခုနှစ်တွင် ဖိလစ်ပိုင်သည် ကမ္ဘောဒီးယားနိုင်ငံမှ ဆန်တန်ချိန် ၂၅၀၀ တင်သွင်းခဲ့ရာ ၂၀၁၉ ခုနှစ် ဆန်အခွန်စည်းကြပ်မှုဥပဒေ အသက်ဝင်ပြီးနောက်ပိုင်း ကမ္ဘောဒီးယားနိုင်ငံ၏ ပထမဆုံး သိသာထင်ရှားသော ဆန်တင်ပို့မှုဖြစ်ခဲ့သည်။ ဖိလစ်ပိုင်သည် ဆန်ထုတ်လုပ်သည့်နိုင်ငံ ဖြစ်သော်လည်း ပြည်တွင်းဝယ်လိုအားကို ဖြည့်ဆည်းနိုင်ရန် ပြည်ပမှတင်သွင်းမှုအပေါ် ဆက်လက် မှီခိုနေရဆဲဖြစ်ပါသည်။ ဖိလစ်ပိုင်နိုင်ငံအနေဖြင့် ယခုနှစ်အတွင်း ဆန်တန်ချိန် ၄ ဒသမ ၈ သန်းခန့်  တင်သွင်းရဖွယ်ရှိသည်ဟု ဖိလစ်ပိုင် စိုက်ပျိုးရေးလုပ်ငန်းဗျူရိုက ဇန်နဝါရီလတွင် ခန့်မှန်းထားပါ သည်။

Source: Khmer Times, February 17, 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)