Main menu

ရမည်သင်းမြို့နယ်တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာတပ်ဆင်ရေး အသိပညာပေး Talk Show ကျင်းပ

Powered by Drupal

             မန္တလေးတိုင်း‌ဒေသကြီး၊မိတ္ထီလာခရိုင်၊စားသုံးသူရေးရာဦးစီးဌာန၊ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့်ရမည်သင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်သွယ်ရေးဦးစီးဌာနနှင့်ပူးပေါင်း၍  ကုန်အညွှန်းအမှတ် အသားပြည့်စုံစွာတပ်ဆင်ရေးအသိပညာပေး Talk Show ၂၀၂၅ခုနှစ် ၊ ဖေဖော်ဝါလ ၂၀ ရက်နေ့ နေ့လယ်(၁၃း၀၀)နာရီချိန်တွင် ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါ ဟောပြောပွဲတွင် ရမည်းသင်းမြို့နယ်တာဝန်ခံ ဦးစန်းအောင်မှ စားသုံးသူကာကွယ်ရေးဥပဒေအရ ကုန်စည်အလိုက် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ တပ်ဆင်ရန် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က (၂/၂၀၁၉)ဖြင့် အမိန့်ထုတ်ပြန်ခဲ့ပြီး ဖြစ်ကြောင်း၊ ကုန်စည်တွေအလိုက် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာတပ်ဆင်ရန် လိုအပ်ကြောင်း၊ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ တပ်ဆင်ခြင်းမရှိပါက  စားသုံးသူကာကွယ်ရေးဥပဒေအရ ပြစ်မှု၊ပြစ်ဒဏ်များရှိကြောင်း၊ ကုန်အညွှန်း အမှတ်အသားပြည့်စုံစွာ တပ်ဆင်ခြင်းမရှိပါက ထောင်ဒဏ် (၂)နှစ်နဲ့ ကျပ်သိန်း(၂၀၀) ထက်မပိုသော ငွေဒဏ်ဖြစ်ဖြစ်စေ၊ ဒဏ်(၂)ရပ်လုံးဖြစ်စေ ကျခံနိုင်ရကြောင်း၊ လုပ်ငန်းရှင်များအနေနဲ့ တပ်ဆင်ရန် အခက်အခဲရှိပါက  စားသုံးသူရေးရာဦးစီးဌာနမှာ လာရောက်ဆွေးနွေးနိုင်ပါကြောင်း ပြောကြားခဲ့ပြီး စားသုံးသူများအ‌နေနှင့် ကုန်စည်၊ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍နစ်နာဆုံးရှုံးမှုများရှိပါက စားသုံးသူ သတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC)မှာစာဖြင့်ဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ ၊ e-mail ဖြင့်ဖြစ်စေ တိုင်ကြားနိုင်ကြောင်း ဆွေးနွေးခဲ့ပြီး (၁၀း၃၀)နာရီအချိန်တွင် ဆွေးနွေးပွဲ ပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)