Main menu

မိတ္ထီလာခရိုင်တွင် ဝါသီးနှံရာသီကုန်လုနီး

Powered by Drupal

            မိတ္ထီလာခရိုင်တွင် ဝါသီးနှံကို ၂၀၂၄-၂၀၂၅ ခုနှစ်၌ ဝါသီးနှံစိုက်ပျိုးမှာမှာ ချည်မျှင်တိုဝါ (၄၄၆၁) ဧက၊ ချည်မျှင်ရှည်ဝါ (၂၆၂၈၅)ဧကဖြင့် စုစုပေါင်း (၃၉၃၁၂)ဧက စိုက်ပျိုးခဲ့ကြောင်း စိုက်ပျိုးရေးဦးစီး ဌာန၏ စာရင်းများအရသိရသည်။ ချည်မျှင်တိုဝါကို မိတ္ထီလာမြို့နယ်တွင် (၄၀၄)ဧကနှင့် မလှိုင်မြို့နယ် တွင် (၄၀၄၇)ဧကစိုက်ပျိုးကာ ကျန်မြို့နယ်များတွင် ချည်မျှင်တိုဝါကို စိုက်ပျိုးမှုမရှိဘဲ ချည်မျှင်ရှည်ဝါ ကို ခရိုင်အတွင်း မြို့နယ်အားလုံးတွင် စိုက်ပျိုးကြောင်း သိရသည်။ ဝါသီးနှံကို မိုးကြို၊ မိုး၊ မိုးနှောင်းဝါ ဟူ၍ စိုက်ပျိုးကြရာ မိုးကြိုဝါကို ဖေဖော်ဝါရီလ၊ မတ်လများတွင် စိုက်ပျိုးရသည့်အတွက် သာစည်မြို့ နယ်နှင့် ဝမ်းတွင်းမြို့နယ်များတွင်သာ အနည်းငယ်စီစိုက်ပျိုးကြသည်။ မိုးဝါနှင့် မိုးနှောင်းဝါတို့မှာ မိုးဦးကျပြီးချိန်မှ စိုက်ပျိုးသည့်အတွက် အစိုက်များကာ နှစ်စဉ် အောက်တိုဘာလများတွင် အထွက်လှိုင်‌လေ့ရှိသည်။

           ယခုနှစ် ဝါသီးနှံထွက်ရှိချိန်နောက်ကျသည့်အတွက် မိတ္ထီလာဈေးကွက်တွင် နိုဝင်ဘာလမှစ၍ အရောင်းအဝယ်သွက်လာရာ ဝါတစ်ပိဿာလျင် (၃၁၀၀-၃၃၀၀) ကျပ်၊ ဂွမ်းတစ်ပိဿာလျင် (၈၀၀၀- ၈၉၀၀) ကျပ်ဈေးရရှိခဲ့ပါသည်။ ဒီဇင်ဘာလတွင် ချည်မျှင်စက်များက အဝယ်လိုက်လာခဲ့သဖြင့် ဝါတစ် ပိဿာ (၅၁၀၀-၅၂၀၀) ကျပ်၊ ဂွမ်းတစ်ပိဿာ (၁၁၅၀၀-၁၂၀၀၀) ကျပ်တို့ဖြင့် ယခုနှစ်ရာသီအတွက် ဈေးအမြင့်ဆုံးရရှိခဲ့သည်။ ဖေဖော်ဝါရီလမှာတော့ ရာသီကုန်လုနီးလာပြီဖြစ်၍ အရည်အသွေးနိမ့် လာခြင်းကြောင့် ဈေးနှုန်းပြန်လည်ကျဆင်းလာရာ ဝါတစ်ပိဿာလျှင် (၄၀၀၀၊ ၄၂၀၀)ကျပ်၊ ဂွမ်း တစ်ပိဿာ လျှင် (၁၀၀၀၀၊၁၀၅၀၀)ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်းသိရသည်။

          တောင်သူများအနေဖြင့် ဝါသီးနှံကို ကိုယ်တိုင်ရောပွဲစားနှင့်ပါ မြို့ပေါ်ပွဲရုံများနှင့် ဝါစက်များသို့ ရောင်းချရာ သီးနှံပေါ်စက ဈေးကောင်းမရသေးသော်လည်း နောက်ပိုင်းတွင် ဈေးကောင်းရရှိခြင်း၊ ယခုနှစ် ဝါကောက်သိမ်းနိုင်သည့်ကာလမှာ ဖေဖော်ဝါရီလအထိ ကာလတာရှည် ကောက်သိမ်းနိုင်ခြင်း တို့ကြောင့် တောင်သူများ တွက်ခြေကိုက်မှုရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)