Main menu

အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၌ ကျင်းပပြုလုပ်သည့် “ဒီဂျစ်တယ် အသိပညာ၊ ခံယူချက်နှင့် အလေ့အကျင့်ဆိုင်ရာ သင်တန်းတွင် အသိပညာပေး

Powered by Drupal

            စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနရုံးချုပ်၏ ညွှန်ကြားချက်နှင့်အတူ စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးဆောင်၍ ဝန်ထမ်းများသည် တိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဉီးစီးဌာနတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပဆောင်ရွက်ခဲ့ရာ အသေးစားစီးပွားရေးလုပ်ငန်းရှင် စုစုပေါင်း (၃၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

             အဆိုပါ ဟောပြောပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဒေါ်ဇင်မာဦးက စီးပွားရေးနှင့်ကူသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ဖွဲ့စည်း ဆောင်ရွက်မှုများအကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးများနှင့် စားသုံးသူများလိုက်နာရမည့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များ၊ ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းဆိုင်ရာ အချက်အလက်များ၊ စားသုံးသူရေးရာဦးစီးဌာနတွင် တိုင်ကြားနိုင်သည့် နည်းလမ်းများ၊ ဌာနမှ ဖြေရှင်းဆောင်ရွက်နေမှု အခြေအနေများ၊ Online Sale ဆိုင်ရာ သိသင့်သည့် အချက်အလက်များအကြောင်းကို ရှင်းလင်းဆွေးနွေးခြင်း၊ တိုင်ကြားမှုများအား လက်ခံညှိ့နှိုင်းဖြေရှင်း ဆောင်ရွက်ခြင်းများအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ ဒုတိယတိုင်းဒေသကြီး ဦးစီးမှူးက eComReg System တွင် မှတ်ပုံတင်ခြင်းဆိုင်ရာများ၊ လုပ်ငန်းရှင်များ အနေဖြင့် ကုန်စည်နှင့် ဝန်ဆောင်မှုများကို အွန်လိုင်းစနစ် အသုံးပြုပြီး ရောင်းချမည်ဆိုပါက မဖြစ်မနေ အွန်လိုင်းစနစ်ဖြင့် မှတ်ပုံတင်ပြီးမှသာရောင်းချရန်၊ မှတ်ပုံတင်ထားခြင်းမရှိဘဲ ရောင်းချမည်ဆိုပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း၊ တက်ရောက်လာသူများမှ သိလိုသည်များကို ဒုတိယတိုင်းဒေသကြီး ဦးစီးမှူးက ရှင်းလင်းဖြေကြားပြီး ဌာန၏ ပညာပေး လက်ကမ်းစာဆောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။    

DOCA(စစ်ကိုင်း)