
ဇန်နဝါရီလတွင် ဗီယက်နမ်သည် စင်ကာပူ၏ ၉ ခုမြောက်အကြီးမားဆုံး ကုန်သွယ် ရေးမိတ်ဖက်ဖြစ်လာပြီး နှစ်နိုင်ငံအပြန်အလှန်ကုန်သွယ်မှုမှာ စင်ကာပူဒေါ်လာ ၃.၃၉ ဘီလီယံရှိကာ ၂၀၂၄ ခုနှစ် ဇန်နဝါရီလထက် ၁၆.၈၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း နောက်ဆုံးကုန်သွယ်ရေးအချက်အလက်များအရ သိရပါသည်။ စင်ကာပူ၏ကော်ပိုရိတ်စီမံခ န့်ခွဲရေးအေဂျင်စီထံမှအချက်အလက်များအရ ဇန်နဝါရီလတွင် စင်ကာပူ၏ စုစုပေါင်း ကုန်သွယ်မှုတန်ဖိုးသည် စင်ကာပူဒေါ်လာ ၁၁၄.၁၅ ဘီလီယံရှိပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီလထက် ၆.၇၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ တင်ပို့မှုတန်ဖိုးမှာ စင်ကာပူဒေါ်လာ ၅၉.၄ ဘီလီယံဖြင့် ၂.၉၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး တင်သွင်းမှုမှာ စင်ကာပူ ဒေါ်လာ ၅၄.၇၅ ဘီလီယံဖြင့် ၁၁.၁၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ စင်ကာပူ၏ ထိပ်တန်းကုန်သွယ်ရေးမိတ်ဖက်များတွင် ထိုင်ဝမ်၊ မလေးရှား၊ တရုတ်နှင့် အမေရိကန် တို့ပါဝင်ပြီး အပြန်အလှန်ကုန်သွယ်မှုမှာ စင်ကာပူဒေါ်လာ ၁၄.၉ ဘီလီယံ၊ စင်ကာပူဒေါ်လာ ၁၃.၂ ဘီလီယံ၊ စင်ကာပူဒေါ်လာ ၁၂.၈ ဘီလီယံနှင့် စင်ကာပူဒေါ်လာ ၁၁.၂၁ ဘီလီယံ အသီးသီး ရှိကြောင်း သိရပါသည်။ ဗီယက်နမ်သည် စင်ကာပူဒေါ်လာ ၂.၅၆ ဘီလီယံဖြင့် စင်ကာပူ၏ ၈ ခုမြောက်အကြီးမားဆုံးတင်ပို့ရာဈေးကွက်ဖြစ်ပြီး ပြန်လည်တင်သွင်းမှုမှာ စင်ကာပူဒေါ်လာ ၇၉၄ သန်းဖြင့် စင်ကာပူ၏ ၁၅ ခုမြောက်အကြီးမားဆုံး တင်သွင်းရာ ဈေးကွက်ဖြစ်ကြောင်း သိရပါသည်။ စက်ပစ္စည်း၊ မိုဘိုင်းဖုန်းများနှင့် အစိတ်အပိုင်းများ( ၄၆.၀၂ ရာခိုင်နှုန်း)၊ ဓာတ်ပေါင်းဖိုများ၊ဘွိုင်လာများနှင့် အစိတ်အပိုင်းများ( ၄၇ ရာခိုင်နှုန်း) နှင့် မှန်ထုတ်ကုန်များ( ၅၈.၉၁ ရာခိုင်နှုန်း) ပါဝင်သည့် စင်ကာပူသို့ ဗီယက်နမ်၏ အဓိကပို့ကုန်များမှာ သိသာထင်ရှားစွာကြီးမားခဲ့ကြောင်း သိရပါသည်။ အခြား သိသာထင်ရှား စွာ မြင့်တက်ခဲ့သည့် ပို့ကုန်များတွင် ဓာတ်ခွဲခန်းနှင့်စမ်းသပ်ခန်းသုံးပစ္စည်းများ၊ ဆေးပစ္စည်း များနှင့် ဆန်တို့ပါဝင်ကြောင်း သိရပါသည်။ တစ်ချိန်တည်းမှာပင် စက်ပစ္စည်းနှင့် အစိတ်အပိုင်းများ(၉.၃၃ ရာခိုင်နှုန်း)၊ ရေနံထွက်ကုန်များ( ၁၀၇.၈၇ ရာခိုင်နှုန်း)နှင့် ဆေးဝါး များ(၉၆ ရာခိုင်နှုန်း) အစရှိသည့် စင်ကာပူမှ ဗီယက်နမ်သို့ အဓိကပို့ကုန်များသည်လည်း သိသာထင်ရှားစွာ ကြီးထွားခဲ့ကြောင်း သိရပါသည်။ လွန်ခဲ့သည့်နှစ်တွင် ဗီယက်နမ်သည် စင်ကာပူ၏ ၁၁ ခုမြောက်အကြီးမားဆုံးကုန်သွယ်ရေးမိတ်ဖက်ဖြစ်ကြောင်း သိရပါသည်။
DOCA(ရန်ကုန်)