Main menu

ဒိုက်ဦးမြို့နယ် ဆန်စက်နှင့် ပဲမျိုးစုံလုပ်ငန်းရှင်နှင့် တွေ့ဆုံ

Powered by Drupal

           စားသုံးသူရေးရာဦးစီးဌာန၊ပဲခူးတိုင်းဒေသကြီး၊  ပဲခူးခရိုင်ဦးစီးမှူး၊ ဒု-ခရိုင်ဦးစီးမှူး၊ တိုင်းရုံးမှ တာဝန်ရှိဝန်ထမ်းများနှင့် ဒိုက်ဦးမြို့နယ်တာဝန်ခံတို့သည် ပြည်တွင်းကုန်သွယ်ရေး ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ၁.၆.၂၀၂၂ ရက်နေ့၊  (၁၃:၀၀) နာရီအချိန်တွင် ဒိုက်ဦးမြို့နယ်ရှိ ဆင်ဖြူတော်ဆန်စက်နှင့် ပဲမျိုးစုံရောင်းဝယ်ရေး လုပ်ငန်းသို့ သွားရောက်ပြီး ပိုင်ရှင် ဦးသိန်းဝင်းနှင့်  တွေ့ဆုံ၍ ယခုလက်ရှိ ဆန်စပါးဈေးနှုန်း အခြေအနေ၊ အရောင်းအဝယ်ဖြစ်မှုအခြေအနေများ ၊ တင်ပို့နေမှုအခြေအနေများ    ၊ သယ်ယူပို့ဆောင်ခနှုန်းထားများ ၊ လုပ်သားတင်ချခများ၊ ပဲလက်ကျန်အခြေအနေ၊ စက်သုံးဆီဝယ်ယူရရှိမှု အခြေအနေများ နှင့် ဆန်စပါး လက်ကျန်အခြေအနေများအား တွေ့ဆုံမေးမြန်းခဲ့ပါသည်။

          ထို့သို့တွေ့ဆုံမေးမြန်းရာတွင် ယခုအချိန် နွေစပါး တင်း(၁၀၀) လျှင် ၇၇၀၀၀၀/-ကျပ်နှုန်း၊ မိုးစပါး တင်း (၁၀၀) လျှင် ၈၄၀၀၀၀/-မှ ၈၅၀၀၀၀/- ကျပ်အထိ ဝယ်ယူရပါကြောင်း၊ ဆန်ဈေးအားဖြင့် ဒေသဆန် တစ်အိတ်လျှင် ၃၅၀၀၀ ကျပ်နှုန်းဖြင့် ရောင်းချရပါကြောင်း၊ မန္တလေးသို့ တင်ပို့ရာတွင် ကားခအနေဖြင့် ဆန်တစ်တင်းခွဲ တစ်အိတ်လျှင် (၁၃၀၀) ကျပ်ရှိပြီး ၊ ရန်ကုန်သို့ တင်ပို့ရာတွင် ဆန်တစ်တင်းခွဲတစ်အိတ်လျှင် (၈၅၀) ကျပ်နှုန်း ပေးရပါကြောင်း ၊ ပဲလက်ကျန်အနေဖြင့် အနည်းငယ်သာ ကျန်ရှိပါကြောင်း၊ ယခုချိန် ပဲတီစိမ်း တစ်တင်းလျှင် ၅၀၀၀၀/- ကျပ်၊  ပဲလွန်းဖြူ တစ်တင်းလျှင် ၄၅၀၀၀/- ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိပါကြောင်းနှင့် တင်ပို့မှုအနေဖြင့် မန္တလေးနှင့် ရန်ကုန်သို့ တင်ပို့ပေးလျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)