
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနရုံးမှ မြို့နယ်တာဝန်ခံ ဦးသိန်းမောင်သည် ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀)ရက်နေ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် MSMEs လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး Talk Show ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါအစီစဉ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ခိုင်မှ အဖွင့်အမှာစကား ပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးသိန်းမောင်က မိမိတို့ဌာနအနေဖြင့် MSMEs ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက် လျက်ရှိကြောင်း၊ ဒေးဒရဲမြို့နယ်အတွင်း လုပ်ကိုင်နေသော MSMEsလုပ်ငန်းများတွင် ဆန်စက်လုပ်ငန်း၊ စက်မှုလက်မှုလုပ်ငန်း၊ စတီးသံပန်းနှင့် သံတံခါးလုပ်ငန်း၊ သစ်အခြေပြု ပရိဘောဂလုပ်ငန်းများ၊ စပါးခွံလောင်စာတောင့်လုပ်ငန်းများ၊ လုပ်ကိုင်လျက်ရှိကြောင်းနှင့် ၎င်းလုပ်ငန်းများအနေဖြင့် ရင်းနှီးမြုပ်နှံမှု၊ တစ်နှစ်ထုတ်လုပ်နိုင်မှု၊ အသုံးပြုစက်စွမ်းအား၊ လုပ်သားဦးရေပေါ်မူတည်ပြီး အကြီး၊ အသေး၊ အလတ် အမျိုးအစားများဖြင့် လည်ပတ်နေလျက်ရှိကြောင်း ပြောကြားခဲ့သည်ဟု သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)