
ဘိုကလေးမြို့ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်ခင်စန်းအေးသည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်၍ ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ(၁၉)ရက်နေ့တွင် ပြန်/ဆက်ရုံး၌ Talk Show အစီအစဉ် ဟောပြောဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါအစီစဉ်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံမှ စားသုံးသူကာကွယ်ရေးဥပဒေ၏ အဓိပ္ပာယ် ဖော်ပြချက်များအကြောင်း၊ ဥပဒေပါ ရည်ရွယ်ချက်၊ မျှော်မှန်းချက်၊ ရည်မှန်းချက်များအကြောင်း၊ သိရှိလိုက်နာရမည့်အကြောင်း သိကောင်းစရာများ ပြောကြားခြင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၉)၊ ပုဒ်မ (၁၉) မှ ပါရှိသည့် စားသုံးသူများတွင် စားသုံးသူအခွင့်အရေးရှိကြောင်း ပြောကြားခြင်းနှင့် တာဝန်များအကြောင်း ပြောကြားခြင်း၊ online shop ဝယ်ယူသုံးစွဲသူများအနေဖြင့် online ငွေကြေးဝန်ဆောင်မှု လုပ်ငန်းများနှင့် ပတ်သက်၍ သိရှိလိုက်နာရမည့်အချက်များအား ပြောကြားခြင်း၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ သုံးစွဲခြင်းအပေါ် စားသုံးသူအခွင့်အခွင့်အရေး နစ်နာဆုံးရှုံးမှုများ ရှိပါက တိုင်ကြားနိုင်ကြောင်း ပြောကြား၍ တိုင်ကြားမှုပုံစံအမျိုးမျိုးအား ရှင်းလင်းဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)