
ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးမှူးနှင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ (၂၁) ရက်နေ့တွင် ကျိုက်လတ်မြို့ပေါ်ရှိ စားသုံးဆီကိုယ်စားလှယ်ဆိုင်များအား ရှောင်တခင်ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် ကျိုက်လတ်မြို့နယ်တာဝန်ခံ စစ်ဆေးရေးမှူးနှင့် အတူပူးပေါင်းအဖွဲ့မှ စားသုံးဆီခွဲတမ်းရရှိသော ဆီအရောင်းဆိုင်များသည် စားသုံးသူပြည်သူ များအား သတ်မှတ် ရည်ညွှန်းဈေးဖြင့် အမှန်တကယ် ရောင်းချမှု ရှိ/မရှိ၊ အလေးချိန်မှန်ကန်မှုရှိ/ မရှိ၊ ရောင်းချမှု လက်ခံဘောက်ချာများ ထားရှိမှု၊ ဆိုင်နာမည် ဆိုင်းဘုတ် တပ်ဆင်ထားမှု၊ စားသုံးရန်သင့်သည့် စားသုံးဆီဖြစ်မှု တို့ကို စစ်ဆေးခဲ့ကြသည်ဟု သိရှိရပါသည်။
DOCA(ဧရာဝတီ)