Main menu

ဒေးဒရဲမြို့ ပြည်တော်သာလမ်းရှိ ဦးမြင့်ဆန်း စက်မှုလက်မှု လုပ်ငန်းသို့ ကွင်းဆင်းဆောင်ရွက်

Powered by Drupal

           ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၉)ရက် နေ့တွင်ဒေးဒရဲမြို့ အမှတ်(၂)ရပ်ကွက် ပြည်တော်သာလမ်းရှိ ဦးမြင့်ဆန်း စက်မှု၊လက်မှု (စတီး၊ သံပန်း၊ သံတံခါး)လုပ်ငန်းကို ထုတ်ကုန်လုံခြုံစိတ်ချရမှု ကွင်းဆင်းတွေ့ဆုံခဲ့ခြင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

             ယင်းသို့ တွေ့ဆုံဆွေးနွေးရာတွင် မြို့နယ်တာဝန်ခံမှ လုပ်ငန်းလုပ်ကိုင် ဆောင်ရွက်နေမှုတို့ကို စစ်ဆေးကြည့်ခြင်း၊ လုပ်ငန်းပိုင်ရှင် ဦးမြင့်ဆန်းနှင့် တွေ့ဆုံ၍ ထုတ်ကုန် လုံခြုံစိတ်ချရမှုရှိစေရေး၊ အရည်အသွေးမြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးတို့ကိုလည်းကောင်း၊ ဈေးနှုန်းဈေးကွက် အခြေအနေတို့ကို လည်းကောင်း မေးမြန်းဆွေးနွေးခြင်း၊ တစ်နိုင်တစ်ပိုင် စားဝတ်နေရေး အစဉ်ပြေကြောင်းနှင့် စွန့်ပစ်ပစ္စည်းများ စနစ်တကျစွန့်ပစ်မှုရှိကြောင်း၊ ပတ်ဝန်းကျင် ထိခိုက်မှုမရှိပဲ လုပ်ငန်းလည်ပတ်လျက်ရှိကြောင်းတို့ကို ကွင်းဆင်းစစ်ဆေးမှု ပြုလုပ်ခဲ့သည်ဟု သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)