
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြိုနယ်တွင် ပြည်ပပို့ကုန် ဆောင်းသီးနှံ ပဲတီစိမ်း စိုက်ဧက ၆၇၁၅ ဧကစိုက်ပျိုးထားပြီး နူန်းတင်မြေနုများတွင် အဓိကစိုက်ပျိုးထားကြောင်းသိရှိရပါသည်။ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပဲတီစိမ်းစိုက်ပျိုးရာတွင် မျိုးစေ့အပေါ်မူတည်၍ တစ်ဧကလျှင် ၉ သိန်းဝန်းကျင် ကုန်ကျပြီး ပျှမ်းမျှအထွက်နှုန်းမှာ ၂၀ တင်း မှ ၂၅ တင်း ဝန်းကျင်ထွက်ရှိကြောင်း ဒေသခံ ပဲတီစိမ်းစိုက် ပျိုးသော တောင်သူများထံမှ သိရသည်။ ယခုအခါ အင်္ဂပူမြို့နယ်တွင် ပဲတီစိမ်းများထွက်ရှိပြီဖြစ်ရာ မြစ်ဝတစ်တင်းလျှင် ၇၅၀၀၀/-ကျပ်၊ စီပြောင်တစ်တင်းလျှင် ၁၀၆၀၀၀/-ကျပ်၊ ဝါးခယ်မတစ်တင်းလျှင် ၁၂၆၀၀၀/-ကျပ်၊ ဂျပန်ပဲတီစိမ်း တစ်တင်းလျှင် ၁၁၅၀၀၀/- ကျပ်ဖြင့် ပဲတီစိမ်း အမျိုးအစားအလိုက် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ပဲတီစိမ်း တစ်တင်းခွဲ တစ်အိတ်လျှင် တန်ဆာခ ၈၀၀/-ကျပ်ဖြင့် ဟင်္သာတဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း ပဲအရောင်းအဝယ် ကုန်သည်များထံမှ သိရှိရပါသည်။
DOCA(ဧရာဝတီ)