
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်၊ မအူပင်မြို့တွင် ငါး၊ ပုဇွန်နှင့် ရေထွက်ပစ္စည်းများ အရောင်းသွက်လျက်ရှိကြောင်း သိရပါသည်။ ရေထွက်ကုန်ငါးများ မွေးမြူရေး ငါးကန်များမှ ထွက်ရှိပြီး မြစ်ချောင်းထွက် ငါးများလည် ဈေးကွက်အတွင်း အရောင်း အဝယ်ဖြစ်လျက်ရှိသည်။ မအူပင်တွင် ငါးမွေးမြူသူလုပ်ငန်းရှင် ၂၄၁၅ဦး ရှိကြောင်း သိရသည်။ ငါးကန်များမှ ငါးကန်ဖော်ချိန်တွင် ငါးကန်းတစ်ကန်လျှင် ငါး ပိဿာချိန် ၁၅၀-၂၀၀ ထိထွက်ရှိကြောင်း သိရသည်။
ဈေးကွက်အတွင်း ငါး၊ ပုစွန်ဈေးနှုန်းအနေဖြင့် ငါးမြစ်ချင်း တစ်ပိဿာလျှင် ၁၀၀၀၀/-ကျပ်ဈေးဖြင့်၊ ငါးကြင်း ၁ပိဿာ ၁၅၀၀၀ ကျပ်ဈေးဖြင့်၊ ငါးခူ ၁ပိဿာ ၁၇၀၀၀-၁၉၀၀၀ ကျပ်ဈေး၊ ကျော့ပုစွန် ၂လက်မ အကောင်လတ် ၁ပိဿာလျှင် ၂၀၀၀၀ကျပ်ဈေး၊ မြစ်ပုစွန် အကောင်းလတ် ၁ပိဿာ ၅၀၀၀၀၊ ပုစွန်အကောင်ကြီး ၁ပိဿာ ၈၀၀၀၀ကျပ်ဈေး မြို့နယ်တွင်း အရောင်းအဝယ်ဖြစ်လျက် ရှိသည်။ ယခင်နှစ် ဈေးဖြင့် နှိုင်းယှဉ်ပါက ငါးကြင်း ၂၀၀၀ကျပ် ၊ ငါးခူ ၂၀၀၀-၄၀၀၀ကျပ် ဈေးအနည်းငယ်တက်ပြီး ကျန်သော ငါးဈေးနှုန်း တည်ငြိမ်လျှက်ရှိသည်။ ယခင်နှစ်က ငါးတင်ပို့မှု ပျမ်းမျှ ပိဿာ ခုနှစ်သောင့်ခွဲခန့်တင်ပို့ခဲ့ပြီး ယခုနှစ် ငါးတင်ပို့မှု အနေဖြင့် ပျမ်းမျှပိဿာ ၁၃၀၀၀၀ခန့်တင်ပို့ခဲ့ပြီး ယခင်နှစ်ထက် ပိဿာချိန် ၅၅၀၀၀ခန့် တင်ပို့နိုင်ခဲ့ကြောင်းလေ့လာသိရှိရသည်။ မအူပင်ဒေသထွက် ငါးများကို ရန်ကုန်စံပြဈေး၊ ရွှေပိတောက်ငါးဈေးနှင့် ရန်ကုန်မြို့ရှိ ငါးဒိုင် ကြီးများသို့ ပြည်တွင်းစားသုံးရန် တင်ပို့ရောင်းချလျှက်ရှိကြောင်း ငါးဈေးကွက်လုပ်ကိုင် တင်ပို့သူထံမှ သိရှိရပါသည်။
DOCA (ဧရာဝတီ)