
ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေး၊ ဈေးကွက်အတွင်း ကုန်ပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး အပြင် စားသုံးသူကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိရာ ၂၄.၂.၂၀၂၅ ရက်နေ့၌ ကျောက်တံခါးမြို့နယ်တွင် လက်လီလက်ကား ရောင်းချနေသည့် စားသုံးဆီလုပ်ငန်းရှင်များအား ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးတွင် ခေါ်ယူ၍ ဆွေးနွေးပြောကြားခဲ့ကြောင်းသိရသည်။
တွေ့ဆုံပွဲတွင် ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၊ ဒုခရိုင်ဦးစီးမှူး နှင့် ကျောက်တံခါးမြို့နယ်တာဝန်ခံတို့သည် စားသုံးဆီလက်လီလက်ကား ရောင်းချသည့်လုပ်ငန်းရှင်များအား သတ်မှတ်ရည်ညွှန်းဈေးအတိုင်းသာ ရောင်းချရန်၊ ဈေးကွက်ထဲတွင် ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများ မပြုလုပ်ရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများမပြုလုပ်ရန် သတိပေးပြောကြားခဲ့ပြီး ဆီလုပ်ငန်းရှင်များမှ တင်ပြသည့် အခက်အခဲများကိုလည်း ပေါင်းစပ်ညှိနှိုင်းပေးကာ ဆွေးနွေးအဖြေရှာပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)