Main menu

ပေါင်မြို့နယ်၌ ကုန်ဈေးနှုန်းများ တည်ငြိမ်ကျဆင်းစေရေး အခြေခံစားသောက်ကုန်များအား ရောင်းချပေးလျှက်ရှိ

Powered by Drupal

၁၉.၂.၂၀၂၅ ရက်နေ့ နံနက် (၀၉:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်၊ ပေါင်မြို့နယ်တာဝန်ခံသည် ကဒါရပ်ကွက်၊ မင်္ဂလာဈေးတွင် စားသုံးသူပြည်သူများ သက်သာချောင်ချိရေးအတွက် အခြေခံစားသောက်ကုန်များဖြစ်သော ဆန်၊ ဆီ၊ ကြက်ဥ၊ ဘဲဥ၊ အသား၊ ငါးများကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးရာတွင် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့ ရောင်းချပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် အခြေခံစားသောက်ကုန်စည်များဖြစ်သည့် အမဲသားတစ်ပိဿာ ၁၅၀၀၀ ကျပ်၊ ဝက်သား တစ်ပိဿာ ၁၅၀၀၀ ကျပ်၊ ဆန်(၁)ပြည် ၃၂၀၀ ကျပ်၊ ဆီတစ်ပိဿာ ၈၂၀၀ ကျပ်၊ ကြက်ဥ(၄)လုံး ၁၀၀၀ ကျပ် စသည်တို့ကိုဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ရာ အများပြည်သူများမှ ဝယ်ယူအားပေးခဲ့ကြောင်း သိရသည်။

DOCA(မွန်)