Main menu

အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ ခရမ်းချဉ်သီး(ထိုင်ဝမ်)ဈေးနှုန်းများ ဆက်လက်ကျဆင်း လျက်ရှိ

Powered by Drupal

          မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့၊ ဇေယျာသီဈေး၌ ခရမ်းချဉ်သီး(ထိုင်ဝမ်)မျိုးကို ပတ်ဝန်းကျင်ကျေးရွာများဖြစ်သော မယ်ဇလီတော၊ ဥယျာဉ်၊ ပန်းတော်ပြင်စသည့်ကျေးရွာများအပြင် တောင်တွင်းကြီးမြို့၊ မကွေးမြို့၊ မင်းဘူးမြို့နှင့် ရှမ်းပြည်နယ် တောင်ကြီးမြို့၊ အောင်ပန်းမြို့တို့မှ မှာယူ ရောင်းချကြောင်း သိရသည်။

          ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ(တတိယပတ်)တွင် ခရမ်းချဉ်သီး(၁)ပိဿာလျှင် အလုံးအကြီး အသေးအလိုက် ကျပ်(၉၀၀-၁၀၀၀)ဖြင့် ရောင်းချလျက်ရှိပြီး ယခင်(ဒုတိယပတ်)တွင် (၁)ပိဿာလျှင် ကျပ်(၁၀၀၀-၁၃၀၀)ဈေးနှုန်းဖြင့်ရောင်းချလျက်ရှိရာ ယခုတစ်ပတ်တွင် ခရမ်းချဉ်သီး(၁)ပိဿာလျှင် ကျပ်(၁၀၀-၃၀၀)ဈေးနှုန်းကျဆင်း၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခုအချိန်တွင် ဒေသ တွင်းခရမ်းချဉ်သီးစိုက်ခင်းများမှာ လှိုင်လှိုင်ထွက်ရှိနေသည့်အတွက် ဈေးနှုန်းများမှာတဖြေးဖြေး ကျဆင်းလာရခြင်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မကွေး)