Main menu

တနင်္သာရီတိုင်းဒေသကြီးရှိ ရာသီစာကန်စွန်းဥ

Powered by Drupal

           ကန်စွန်းဥကို မြန်မာပြည်နေရာအနှံအပြားတွင် စိုက်ပျိုးကြသည်။ ကန်စွန်းဥကို မြေအမျိုးအစားများစွာတွင် စိုက်ပျိုးနိုင်သော်လည်း သဲနှင့်နှုန်းရောထားသော သမမြေအမျိုးအစား တွင် စိုက်ပျိုးရန်အကောင်းဆုံးဖြစ်သည်။ ကန်စွန်းဥကို အလွယ်တကူရရှိနိုင်ပြီး ဈေးနှုန်းချိုသာသော အသီးအနှံများထဲတွင် တစ်မျိုးအပါအဝင်ဖြစ်သည်။ အရောင်မှာ ရွှေဝါရောင်၊ ငချိန် ရောင်၊ အဝါဖျော့ရောင်များရှိပြီး ကန်စွန်းဥကို ပြုတ်စား၊ မီးဖုတ်စား၊ ကြော်စားခြင်းအပြင် မုန့်မျိုးစုံပြုလုပ်ရာတွင်လည်း အသုံးပြု၍ ရရှိသောသီးနှံဖြစ်သည့်အပြင် စက်မှုကုန်ကြမ်းသီးနှံ အဖြစ်လည်း အသုံးဝင်ပါသည်။ ကန်စွန်းဥကို စိုက်ပျိုးသော တောင်သူများအနေဖြင့် စိုက်ပျိုး ရလွယ်ကူ၍ ကုန်ကျစရိတ်နည်းသောကြောင့် စိုက်ပျိုးကြကြောင်း သိရှိရပါသည်။

          တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်တွင် ကန်စွန်းဥတစ်ပိဿာလျှင်(၄၀၀၀)ကျပ် နှင့်(၅၀၀၀)ကျပ်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)