
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ ကြီးပင်ကန်ကျေးရွာအုပ်စု၊ ကြီးပင်ကန်ကျေးရွာသည် စပါး၊ နှမ်း၊ ကုလားပဲနှင့် အခြားသီးနှံများကို စိုက်ပျိုးလျက်ရှိရာ ကုလား ပဲသီးနှံ(၁၂)ဧကခန့်ကို ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလတွင် စိုက်ပျိုးခဲ့ပြီး ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလတွင် စတင်ရိတ်သိမ်းလျက်ရှိကြောင်း သိရသည်။
မျိုးအနေဖြင့် ယခင်နှစ်ကုလားပဲခင်းမှထွက်ရှိသည့် ပဲများကို မျိုးအဖြစ်ကိုဖယ်ချန်၍ ကြဲပက် စနစ်ဖြင့် စိုက်ပျိုးခြင်းဖြစ်ကြောင်း၊ (၁)ဧကလျှင် မျိုး(၈)ပြည်နှုန်းကုန်ကျကြောင်း၊ အထွက်နှုန်း အနေဖြင့် (၁)ဧကပျမ်းမျှ (၁၀)တင်းခန့်ထွက်ရှိပြီး ကုန်ကျစရိတ်အနေဖြင့် (၁)ဧကလျှင် ကျပ်(၃) သိန်းခန့်ကုန်ကျကြောင်း၊ ဈေးနှုန်းအနေဖြင့် ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ(စတုတ္ထပတ်)တွင် တစ်တင်း လျှင် ကျပ်(၇၆၀၀၀)ခန့်ရရှိပြီး အကျိုးအမြတ်အနေဖြင့် ကျပ်(၄၆၀၀၀၀)ခန့်ရရှိကြောင်း၊ ဈေးကွက် အနေဖြင့် မင်းဘူးမြို့ပေါ်ရှိပွဲရုံများသို့ တင်ပို့ရောင်းချကြောင်း သိရှိရပါသည်။
DOCA(မကွေး)