Main menu

ပို့ကုန်နှစ်ဆတိုးမြင့်ကြ

Powered by Drupal

            ကုန်သွယ်မှုဘဏ္ဍာ ပိုမိုတိုးတက်ရေးအတွက် ကုန်သွယ်‌ရေးဦးစီးဌာန မြိတ်ကုန်သွယ်ရေးစခန်းတွင် OSSအဖွဲ့ဝင်များ မိတ်ဘက်ဌာနဆိုင်ရာများနှင့် ကုန်သွယ်လုပ်ငန်းရှင်များ ပါဝင် သော လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား (၂၅.၂.၂၀၂၅)တွင် နံနက်(၁၀း၀၀)နာရီ မြိတ်ကုန် သွယ်ရေးစခန်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

             အဆိုပါ အစည်းအဝေးအား မြိတ်ကုန်သွယ်ရေးစခန်းနေ ယခုဘဏ္ဍာ (၂၀၂၄-၂၀၂၅)ဘဏ္ဍာနှစ်တွင် ပို့ကုန်လျာထားချက်(၉၃)သန်း သွင်းကုန်လျာထားချက် (၉၀)သန်း ရှိသည့် အခုဘဏ္ဍာအမှန်တင်ပို့မှုမှာ ၂၀၂၅ဖေဖော်ဝါရီ လ(၂၄)ရက်နေ့ အထိ ပို့ကုန်(၆၃)သန်း ရှိ၍ လျာထားချက်ထက်လျော့နည်းနေပြီး သွင်းကုန်မှာ (၁၀၀.၉)သန်းရှိပြီး လျာထားချက် ထက်ပိုမိုနေသော်လည်း ပြည်ထောင်စုဝန်ကြီး၏ လျာထားချက်အရပို့ကုန် နှစ်ဆတိုးမြင့်နိုင် ရေးအတွက် OSSအဖွဲ့ဝင်များနှင့် ကုန်သည်လုပ်ငန်းရှင်များအနေဖြင့် ပို့ကုန်လျာထားချက် ပြည့်မီစေရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် ပေးစေလိုပါကြောင်းပြောကြားပြီး အခမ်းအနားတက်ရောက်လာသော OSSအဖွဲ့ဝင်များ၊ မိတ်ဘက်ဌာနဆိုင်ရာများနှင့် ကုန်သည်လုပ်ငန်းရှင်များမှ ပြန်လည်တင်ပြချက်များအပေါ် မြိတ်ကုန်သွယ်ရေးစခန်းတာဝန်ခံမှ ပြန်လည်ရှင်းပြပြီး အစည်းအဝေးကို(၁၁း၀၀)တွင် ရုတ်သိမ်းလိုက်ကြောင်း သတင်းရရှိပါသည်။

DOCA(တနင်္သာရီ)