Main menu

ဆပ်ပြာရည်ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခြင်း

Powered by Drupal

          ၂၀၂၅ ခုနှစ်၊  ဖေဖော်ဝါရီလ၊  ၂၅ ရက်နေ့၊  (၁၄း၄၅)နာရီအချိန်တွင် ထားဝယ်မြို့၊  တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အစည်းအဝေးခန်းမတွင် တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာနမှ အကြီးတန်းစာရေး ဦးထက်အောင်လှိုင်မှ ထားဝယ်မြို့၊ Bewine ဆပ်ပြာရည်အမျိုးမျိုး ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်နှင့်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်းသိရသည်။

           အဆိုပါတွေ့ဆုံဆွေးနွေးရာတွင် ကုန်စည်နှင့်ဝန်ဆောင်မှုများကို စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်စေရေးအတွက် စီးပွားရေးကျင့်ဝတ်များ၊ လုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များအကြောင်း၊ ကုန်စည်များ၏ ကုန်အညွှန်းအမှတ်အသားများကို တိကျမှန်ကန်စွာဖော်ပြပေးရန်နှင့် ကုန်အညွှန်းအမှတ်အသားများကို တိကျမှန်ကန်စွာဖော်ပြခြင်းမရှိပါက စားသုံးသူကာကွယ်ရေးဥပဒေမှ ချမှတ်ထားသော ပြစ်မှုပြစ်ဒဏ်များအကြောင်းနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် ကုန်စည်အမျိုးအစားအလိုက် ဖော်ပြပါရှိရမည့်အချက်များအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)