Main menu

ကလေးမြို့နယ်အတွင်း ဆန်/ စပါး ရောင်းဝယ်မှု အခြေအနေနှင့် ဈေးနှုန်းဈေးကွက်များ

Powered by Drupal

            ကလေးမြို့နယ်တွင် စပါးဈေးနှုန်းများအနေဖြင့် ဧည့်စပါး ( ၁၆ ) ပြည်တစ်တင်းလျှင် ( ၈၅၀၀ ) ကျပ်၊ ငစိန်စပါး ( ၁၆ ) ပြည်တစ်တင်းလျှင် ( ၈၀၀၀ ) ကျပ်၊ ဧရာမင်းစပါး ( ၁၆ ) ပြည် တစ်တင်းလျှင် ( ၁၀၀၀၀ ) ပေါက်ဈေးနှုန်းရှိပြီး ဆန်ဈေးနှုန်းများအနေဖြင့် ဧည့်ဆန် ( ၂၄ )ပြည် တစ်အိတ်လျှင် ( ၂၇၀၀၀ ) ကျပ်၊ ငစိန်ဆန် ( ၂၄ ) ပြည် တစ်အိတ်လျှင် ( ၂၆၅၀၀ ) ကျပ်၊ ဧရာမင်းဆန် ( ၂၄ ) ပြည် တစ်အိတ်လျှင် ( ၃၇၀၀၀ ) ကျပ် ဈေးနှုန်းဖြင့် ဈေးကွက်အတွင်း ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။

            ဆန်ဈေး/စပါးဈေးနှုန်းများ အနေဖြင့် ထူးခြားစွာ ဈေးနှုန်းမြှင့်တက်မှုမရှိဘဲ ဈေးနှုန်း တည်ငြိမ်လျက် ရှိပါသည်။ အချို့မြို့နယ်များတွင် နွေစပါးများ ပေါ်ထွက်လာပြီး စပါးတစ်တင်းလျှင် ( ၆၀၀၀ ) ကျပ် ပေါက်ဈေးနှုန်းရှိပြီး မြို့နယ်တွင်းသာ စားသုံးမှုများရှိကြောင်း သိရှိရပါသည်။

            ဆန်ရောင်းချမှုအနေဖြင့် စားဆန်ကိုသာ ပုံမှန်ရောင်းချလျက်ရှိပါကြောင်းနှင့် ကလေးမြို့မှ စားဆန်အနေဖြင့် မုံရွာမြို့နှင့် နယ်တစ်ဝိုက်သို့ လစဉ် ဆန် ( ၂၄ ) ပြည်အိတ် ( ၁၀၀၀၀ - ၁၅၀၀၀ ) အိတ်ခန့် တင်ပို့ရောင်းချလျက်ရှိပါကြောင်း ဆန်စက်ပိုင်များထံမှ မေးမြန်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)