Main menu

မြင်းခြံမြို့၏ ကြက်ဥဈေးနှုန်းဈေးကွက်

Powered by Drupal

            မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်တွင် ကြက်မွေးရေးခြံများရှိသော်လည်း စားသုံးမှုမြင့်မားသည့်အတွက် ဈေးကွက်လိုအပ်ချက်အရ လိုအပ်သော ကြက်ဥ / ဘဲဉများကို တောင်ကြီး၊ ပြင်ဦးလွင်နှင့် မန္တလေးမြို့များမှ မှာယူရောင်းချကြောင်းသိရသည်။ မြို့ပေါ်ရှိ ကြက်ဥ အရောင်းဆိုင်တစ်ဆိုင်သို့ မေးမြန်းကြည့်ရာမှာတော့ ယခင်က ပြင်ဦးလွင်ဒေသဘက်မှ မှာယူရောင်း ချခဲ့ပြီး ယခုတွင်မန္တလေးမှ မှာယူရောင်းချပါကြောင်းနှင့် တစ်ရက်ကို လက်လီ/လက်ကား အလုံးရေ ၄၅၀၀ ရောင်းချရပါကြောင်း၊ ရောင်းအားလည်းကောင်းလာပါကြောင်း တစ်ပိဿာလျှင်ငွေကျပ် ၁၀၀၀၀/- ကျပ် / ၁၀၃၀၀/- ရောင်းချပြီး ကြက်ဥတစ်လုံးလျှင် ၄၀၀ ကျပ်မှ ၄၅၀ ကျပ် ၊ ဘဲဥ တစ်လုံးလျှင် ၆၀၀/-ကျပ် ၊ ၇၀၀ ကျပ်ဈေးရောင်းချရပြီး ဟင်းလျာအတွက်ဆိုလျှင် ကြက်ဥပြုတ် ၊ ကြက်ဥကြော် ၊ ကြက်ဥကြော်ချက်၊ ကြက်ဥပေါင်းချက်နှင့် ကြက်ဥမွှေချက် စားသုံးချက်ပြုတ်ရာတွင် လွယ်ကူသည့် ကြက်ဥကိုတော့ မကြာမကြာချက်၍စားသုံးဖြစ်ကြောင်း ပန်းရန်လုပ်ကိုင်သူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(မန္တလေး)