Main menu

မြင်းခြံမြို့နယ်ရှိ မြေပဲဆီကြိတ်ခွဲထုတ်လုပ်မှုနှင့် ဈေးနှုန်းဈေးကွက်အခြေအနေ

Powered by Drupal

မြေပဲဆီသည် မြေပဲသီးနှံမှ ကြိတ်ခွဲထုတ်လုပ်ရရှိသော စားသုံးဆီတစ်မျိုးဖြစ်ပြီး မြန်မာနိုင်ငံ အပါအဝင် အာရှနိုင်ငံများတွင် ချက်ပြုတ်ကြော်လှော်စားသုံးရာတွင် လူကြိုက်များသည့် စားသုံးဆီ ဖြစ်သည်။

          မြင်းခြံမြို့နယ်အတွင်းရှိ ဆီစက်လုပ်ငန်းများသို့ ကွင်းဆင်းလေ့လာရာတွင် ဆီကြိတ်ခုံ အရေ အတွက် (၂)လုံးမှ(၃)လုံးအထိရှိပြီး လျှပ်စစ်စွမ်းအင်ဖြင့် တစ်ရက်လျှင်(၈)နာရီ တစ်ဆိုင်းသာ ကြိတ်ခွဲ ထုတ်လုပ်လျက်ရှိကြောင်း၊ ဆီကြိတ်ခွဲရာတွင် (၃)လပြန့်မြေပဲ(လုံးသေး)သည် မြေပဲအနီဆံ(လုံးကြီး) ထက် ဆီထွက်အားပိုကောင်းပြီး ကုန်ကြမ်းများကို မြင်းခြံမြို့နယ်၊ တောင်သာမြို့နယ်၊ နွားထိုးကြီး မြို့နယ်၊ ကျောက်ပန်းတောင်းမြို့နယ်၊ ညောင်ဦးမြို့နယ်များမှဝယ်ယူရရှိကြောင်း၊ မြေပဲဆံ တစ်ပိဿာလျှင် (၈၀၀၀)ကျပ်မှ (၈၈၀၀)ကျပ်ဈေးနှုန်းဖြင့် ဝယ်ယူရပါကြောင်း၊ မြေပဲဆံကုန်ကြမ်း (၆၀၀)ပိဿာ ခန့်ကြိတ်ခွဲလျှင် မြေပဲဆီကုန်ချော(၃၀၀)ပိဿာခန့်ထွက်ရှိကြောင်း၊ မြေပဲဆီ တစ်ပိဿာလျှင်(၁၅၀၀၀)ကျပ်၊ မြေပဲဖတ်တစ်ပိဿာလျှင်(၆၀၀၀/၆၁၀၀)ကျပ်နှုန်းဖြင့် ရောင်းဝယ် လျက်ရှိကြောင်း၊ မြေပဲဆီ ကုန်ချောများကို ရန်ကုန်မြို့၊ မြောင်းမြမြို့၊ ပုသိမ်မြို့၊ မအူပင်မြို့၊ ဘိုကလေးမြို့၊ နေပြည်တော်၊ တပ်ကုန်းမြို့များသို့ တင်ပို့ရောင်းချရကြောင်း၊ ဆီကြိတ်ခွဲရာမှ ထွက်ရှိလာသည့် မြေပဲဖတ်(ပဲဖတ်) များကို တိရစ္ဆာန်အစားအစာအဖြစ် ငါးမွေးမြူရေးလုပ်ငန်းနှင့် CPအစာစက်ရုံများတွင် အသုံးပြုကြောင်းနှင့် ရန်ကုန်မြို့၊ ရွှေဘိုမြို့၊ မတ္တရာမြို့သို့ တင်ပို့ရောင်းချ ရကြောင်း ဆီစက်လုပ်ငန်းရှင်တစ်ဦးထံမှ သိရှိရသည်။

DOCA(မန္တလေး)