
အုန်စိမ်းရည်သောက်ခြင်းသည် အပူဒဏ်ကြောင့်ဖြစ်သည့် ရေငတ်ခြင်းကိုပြေစေနိုင်သော သဘာဝအချိုရည် တစ်မျိုးဖြစ်ပါသည်။ အုန်းစိမ်းရည်ထဲတွင် ပါဝင်သော electrolyte compositionများ၊ ကာဗိုဟိုက်ဒရိတ်ကြောင့် ဝမ်းလျောခြင်း၊ အော့အန်ခြင်းကြောင့် ဖြစ်သောချွေးထွက်ခြင်းများတွင် ခန္ဓာကိုယ်က ဆုံးရှုံးသွားသောရေဓာတ်ကို ပြန်လည် ဖြည့်တင်းပေးပြီးအားအင်များကို ပြန်လည် အားပြည့်စေပါသည်။
အုန်းစိမ်းရည်ထဲတွင် မဂ္ဂနီဆီယမ်ဓာတ်များ ပါဝင်သောကြောင့် သွေးတိုးရောဂါရှိသူများ သောက်ပေးလျှင် သင့်တော်သောအချိုရည် တစ်မျိုးဖြစ်ပါသည်။ အုန်းစိမ်းရည်ထဲတွင် ပါဝင်သော ပိုတက်ဆီယမ်ဓာတ်သည် ခန္ဓာကိုယ်အတွင်းရှိ အကျိုးမပြုစေသော ဆိုဒီယမ်ပမာဏကို ထိန်းညှိ ပေးသောကြောင့် သွေးတိုးခြင်းကို ကျဆင်းစေပါသည်။ အုန်းစိမ်းရည်ထဲတွင် အမျှင်ဓာတ်များ ပါဝင်သောကြောင့် အဆာခံနိုင်ခြင်း၊ ကယ်လိုရီနှင့် အဆီဓာတ်နည်းခြင်းတို့ကြောင့် နေ့စဉ် သောက်သုံး ဖို့သင့်တော်သည့်အပြင် ကိုယ်ဝန်ဆောင်များမီးဖွားမှုလွယ်ကူစေရန်အတွက်လည်း သောက်သုံး ရန် သင့်တော်ပါသည်။ အလှအပအတွက်လည်း အုန်းစိမ်းရည်သောက်ပေးခြင်းသည် အသားအရေကိုလည်း စိုပြေပြီး ချောမွတ်စေပါသည်။ထို့အပြင်ဝိတ်ချနေသူများ အတွက်လည်း ကယ်လိုရီပါဝင်မှုနှုန်းနည်း သော အုန်းစိမ်းရည်ကိုသောက်သုံးသင့်ပါသည်။ အုန်းစိမ်းရည်ထဲတွင် ကယ်လိုရီပါဝင်မှုနှုန်းသည် ပျမ်းမျှ ၄၄ ရာခိုင်နှုန်းမှ ၄၆ ရာခိုင်နှုန်းသာ ရှိသောကြောင့် တခြားသော အချိုရည်တို့နှင့် နှိုင်းယှဉ်ပါက အုန်းစိမ်းရည်သည် ကယ်လိုရီလျော့ချနှုန်းကိုပို၍ အထောက်အကူ ဖြစ်စေပါသည်။ ကျန်မာရေး အတွက် သဘာဝအသီးအနှံများနှင့် ဝိတ်ချမည်ဆိုပါလျှင် အုန်းစိမ်းရည်သည် အသင့် တော်ဆုံးသော အသီးတစ်ခုဖြစ်ပါသည်။ သို့သော် အုန်ုးစိမ်းရည်တွင် ပိုတက်စီယမ် Potassium: 404mg ပါဝင်ပြီး ၎င်း ပိုတက်စီယမ်ဓာတ်ကို ကျောက်ကပ်က ဖယ်ရှား နိုင်မည် မဟုတ်သောကြောင့် ကျောက်ကပ် သမားများ သောက်ရန်မသင့်တော်ကြောင်း လေ့လာ သိရှိရပါသည်။ အုန်းစိမ်းရည် အတွက် အုန်းသီးတစ်လုံးလျှင် ၃၀၀၀-၃၅၀၀ကျပ်သာရှိသောကြောင့် ကျန်းမာရေးအတွက် အထူး ကောင်းမွန်သော အုန်းစိမ်းရည်ကိုနေ့စဉ် သောက်သုံးရန် အကြံပြုအပ်ပါသည်။
DOCA(မန္တလေး)