Main menu

ပိန္နဲသီးနုနု‌ဈေးကွက်

Powered by Drupal

မန္တလေးဈေးကွက်အတွင်းသို့ ပိန္နဲသီးနုနုများ ဖေဖော်ဝါရီလလယ်မှစ၍ ဝင်ရောက်လျက် ရှိပါသည်။ ယခုရာသီသည် ပိန္နဲသီးပင်မှရွက်ဟောင်းများကြွေကျပြီး ရွက်သစ်အဖူး၊ အပွင့်များ နှင့်အတူ ပိန္နဲသီးနုနုကလေးများ စတင်သီးဝင်နေပြီဖြစ်ပါသည်။ ပိန္နဲပင်သည် တစ်ခါစိုက်ထားလျှင် တစ်သက်စားမကုန်သော အပင်ကြီးမျိုးဖြစ်ပါသည်။ ခေတ်မီတိုးတက်လာသည်နှင့်အမျှ အရွယ် ငယ်ငယ်နှင့်သီးသော အပင်ပုမျိုးများကိုလည်း စိုက်ပျိုးလျက်ရှိပါသည်။ ပိန္နဲပင်ကို အိမ်ခြံဝင်း များနှင့် ဥယျာဉ်ခြံများတွင် စိုက်ပျိုးလေ့ရှိပါသည်။ မတ္တရာ၊ မိုးကုတ်၊ ပြင်ဦးလွင်နှင့် ကျောက်ဆည် ဒေသတို့တွင် အများဆုံးစိုက်ပျိုးကြကြောင်းလည်း သိရှိရသည်။ ပိန္နဲ သီးကို ရင့်မှည့်ရာသီမှသာ ဈေးကွက်သို့ တင်ပို့ရောင်းချခြင်းများရှိကြသလို ပိန္နဲသီးနုနုကလေးများကိုခူး၍ ဟင်းလျာ အတွက်လည်း ရောင်းချကြပါသည်။ ပိန္နဲပင်အကြီးမျိုးတစ်ပင်လျှင် အလုံးတစ်ထောင်ကျော် သီးတတ်ပါသည်။ ပိန္နဲသီးအကြွပ်သီးမျိုးနှင့် အပျော့သီးမျိုးဟူ၍ နှစ်မျိုးရှိသည်။ ပိန္နဲအပျော့ သီးပင်မှအသီးနုနုများကို ရင့်မှည့်သည်ထိမထားဘဲ ခူးယူရောင်းချကြောင်းလည်း သိရှိရသည်။ ပိန္နဲ သီးနုနုကလေးများကို အခွံခွာပီးအစိတ်ကလေးများစိတ်၍ အစိမ်းအလိုက်သော်လည်းကောင်း၊ ပြုတ်၍သော်လည်းကောင်း ရောင်းချကြသည်။ ပိန္နဲ သီးနုနုအစိမ်း(၂၅)ကျပ်သားလျှင် ၂၀၀၀ကျပ်၊ အပြုတ်(၂၅)သားလျှင် ၁၅၀၀ကျပ် ဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိကြောင်း ဈေးကွက်အတွင်း မှ သိရှိရသည်။ ပိန္နဲသီးနုနုကလေးများကို ပြုတ်ကာ အတို့အမြှုပ်လုပ်၍ သော်လည်းကောင်း၊ သုပ်၍သော်လည်းကောင်း စားသောက်ကြသည်။ ပိန္နဲသီးနုနုအစိမ်းကို အသား၊ ငါးများနှင့်ရော၍ လည်း ချက်ပြုတ်စားသောက်ကြသည်။

DOCA(မန္တလေး)