
ဖေဖော်ဝါရီလနောက်ဆုံးပတ်အတွင်းမန္တလေးပဲမျိုးစုံစျေးကွက်သို့မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ ထွက်သည့်ပဲယဉ်းသီးနှံများ ဝင်ရောက်လာကြောင်း သိရပါသည်။ ပဲမျိုးစုံအနက် ပဲယဉ်းသီးနှံမှာ ပြည်တွင်းစားသုံးမှုနှင့် ပြည်ပသို့တင်ပို့ရောင်းချသည့်စျေးကွက်ဝင် ပဲအမျိုးအစားဖြစ်ပါသည်။ မန္တလေးတိုင်းဒေသကြီး သည်ပဲသီးနှံမျိုးစုံစိုက်ပျိုးမှု များပြားသည့်တိုင်းတစ်ခုဖြစ်ပြီး၊ ၂၀၂၄-၂၀၂၅ ခုနှစ် ပဲသီးနှံမျိုးစုံ စိုက်ပျိုးမှုမှာ (၁၀၁၉၄၇၇)ဧက ဖြစ်ကြောင်း သိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလနောက်ဆုံးပတ်အတွင်း ဖြစ်ပေါ် လျက်ရှိသောပေါက်စျေးမှာ ၃တင်းဝင်တစ်အိတ်လျှင် ပဲယင်းကြီး ၁၉၇၀၀၀ ကျပ်နှင့် ၁၉၈၀၀၀ ကျပ်၊ပဲယင်း(သေး) ၁၉၅၀၀၀ ကျပ်၊ပဲယင်း(နီ) ၂၂၃၀၀၀ကျပ်နှင့် ၂၂၅၀၀၀ကျပ်၊ တစ်ပိဿာ စျေးမှာ ပဲယင်း(ကြီး) ၃၂၈၃ ကျပ်နှင့် ၃၃၀၀ ကျပ်၊ ပဲယင်း(သေး) ၃၂၅၀ ကျပ်၊ ပဲယင်း(နီ) ၃၇၁၇ ကျပ်နှင့်၃၇၅၀ ကျပ်တို့ဖြစ်ကြောင်းသိရပါသည်။ ယခင်နှစ်ကာလတူစျေးမှာ ၃တင်းဝင် တစ်အိတ် လျှင် ပဲယင်း(ကြီး) ၁၅၈၀၀၀ ကျပ်နှင့် ၁၆၅၀၀၀ ကျပ်၊ပဲယင်း(သေး) ၁၅၅၀၀၀ကျပ်၊ ပဲယင်း(နီ) ၂၀၀၀၀၀ ကျပ်နှင့် ၂၀၈၀၀၀ ကျပ်၊ တစ်ပိဿာစျေးမှာ ပဲယင်း(ကြီး)၂၆၃၃ ကျပ်နှင့် ၂၇၅၀ကျပ်၊ ပဲယင်း(သေး)၂၅၈၃ကျပ်၊ ပဲယင်း(နီ)၃၃၃၃ကျပ်နှင့် ၃၄၆၇ကျပ်ဖြစ်ပေါ်ခဲ့ကြောင်း သိရပါသည်။ ယခုနှစ်စျေးနှင့် ယခင်နှစ်စျေးနှိုင်းယှဉ်ပါက တစ်ပိဿာလျှင် ပဲယင်း(ကြီး) ၅၅၀ ကျပ်နှင့် ပဲယင်း(သေး) ၆၆၇ ကျပ်နှင့်ပဲယင်းနီ ၂၈၃ ကျပ် အသီးသီးစျေးပိုမိုရရှိကြောင်း သိရပါသည်။ စျေးကွက်အတွင်း ပဲယင်းဝင်ရောက်မှုပမာဏပေါ်မူတည်၍ ရက်အလိုက်ပေါက်စျေး အနည်းငယ် ပြောင်းလဲမှုရှိကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)