Main menu

မန္တလေးပဲပုပ်စေျးနှုန်းစျေးကွက်

Powered by Drupal

  ဖေဖော်ဝါရီနောက်ဆုံးပတ်အတွင်း  မန္တလေးစျေးကွက်သို့ ရှမ်းပြည်နယ်မှ ပဲပုပ်(ရှမ်း)သီးနှံ များဝင်ရောက်လာကြောင်း သိရပါတယ်။ ပဲမျိုးစုံအနက်ပဲပုပ်မှာ ပြည်တွင်း စားသုံးမှုများ ပြားခြင်း နှင့်ပြည်ပတင်ပို့ရောင်းချသည့် စျေးကွက်ဝင်ပဲအမျိုးအစားဖြစ်ပါတယ်။ မန္တလေးတိုင်းဒေသကြီး သည် ပဲသီးနှံမျိုးစုံစိုက်ပျိုးမှုများပြားသည့်တိုင်းတစ်ခုဖြစ်ပြီး၊ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ပဲပုပ်သီးနှံ အပါအဝင် ပဲမျိုးစုံစိုက်ပျိုးမှု(၁၀၁၉၄၇၇)ဧကဖြစ်ကြောင်း သိရပါတယ်။ မန္တလေးစျေးကွက် အတွင်းသို့ ရှမ်းပြည်နယ်မှ ထွက်သည့်ပဲပုတ်များဝင်ရောက်မှုများပြီး၊ မန္တလေး၊ စစ်ကိုင်း၊ ဧရာဝတီ၊ ပဲခူးတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့မှလည်း ဝင်ရောက်ကြောင်း သိရပါတယ်။ မန္တလေး ပွဲစား၊ကုန်သည်၊ စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလနောက်ဆုံး ပတ်အတွင်းဖြစ်ပေါ်လျက်ရှိသောပေါက်စျေးမှာ ၃တင်းဝင်တစ်အိတ်လျှင်ပဲပုပ်(ကာဘိုး)၃၂၀၀၀၀ ကျပ်နှင့် ၃၂၅၀၀၀ကျပ်၊ ပဲပုပ်(ဗမာ) ၂၈၃၀၀၀ ကျပ်နှင့်၂၉၀၀၀၀ကျပ်၊ပဲပုပ်(ရှမ်း) ၃၃၀၀၀၀ ကျပ်နှင့် ၃၃၅၀၀၀ ကျပ်၊တစ်ပိဿာပေါက်စျေးမှာ ပဲပုပ်(ကာဘိုး) ၆၀၀၉ကျပ်နှင့် ၆၁၀၃ကျပ်၊ ပဲပုပ်(ဗမာ) ၅၃၁၅ ကျပ် နှင့် ၅၄၄၆ ကျပ်၊ ပဲပုပ်(ရှမ်း) ၆၁၉၇ ကျပ်နှင့် ၆၂၉၁ ကျပ်အသီးသီး တို့ဖြစ်ကြောင်း သိရပါတယ်။ ယခင်နှစ်ကာလတူ ပေါက်စျေးမှာ ၃တင်းဝင်တစ်အိတ်လျှင် ပဲပုပ် (ကာဘိုး)၁၆၅၀၀၀ ကျပ်နှင့် ၁၆၉၀၀၀ကျပ်၊ပဲပုပ် (ဗမာ) ၁၆၅၀၀၀ ကျပ်၊ပဲပုပ်(ရှမ်း) ၁၆၂၀၀၀ ကျပ်နှင့် ၁၇၂၀၀၀ကျပ်၊တစ်ပိဿာပေါက်စျေးမှာ ပဲပုပ်(ကာဘိုး) ၃၀၉၉ကျပ်နှင့် ၃၁၇၄ကျပ်၊ ပဲပုပ်(ဗမာ) ၃၀၉၉ ကျပ်၊ ပဲပုပ်(ရှမ်း) ၃၀၄၂ကျပ်နှင့် ၃၂၃၀ ကျပ်တို့ဖြစ်ပြီး ယခုနှစ်နှင့် ယခင်နှစ် ပေါက်စျေးနှိုင်းယှဉ်ပါက တစ်ပိဿာလျှင် ပဲပုတ်(ကာဘိုး) ၂၉၃၁ ကျပ်၊ ပဲပုတ်(ရှမ်း) ၃၀၆၁ ကျပ် နှင့်ပဲပုတ်(ဗမာ) ၂၃၄၇ကျပ်အသီးသီးစျေးပိုမိုရရှိကြောင်း သိရပါတယ်။ပဲပုပ်ဝင်ရောက်မှုပမာဏ ပေါ်မူတည်၍ရက်အလိုက်ပေါက်စျေး အနည်းငယ်ပြောင်းလဲမှုရှိပြီး၊ ယခုနှစ်ပဲပုပ်သီးနှံမှာစျေး ကောင်း ရသည့်ပဲတစ်မျိုးဖြစ်ကြောင်း သိရပါတယ်။

DOCA(မန္တလေး)