
ဖေဖော်ဝါရီလနောက်ဆုံးပတ်အတွင်း မန္တလေးစျေးကွက်သို့ ပဲကြီးသီးနှံများဝင်ရောက်မှုများ လျက်ရှိပြီး၊ပဲကြီးသီးနှံမှာ(အစို/အခြောက်)အရောင်းသွက်သည့်ပဲတစ်မျိုးဖြစ်ကြောင်းသိရပါတယ်။ မန္တလေးတိုင်းဒေသကြီးသည် ပဲသီးနှံမျိုးစုံစိုက်ပျိုးမှုများပြားသည့် တိုင်းတစ်ခုဖြစ်ပြီး၊ မန္တလေး စျေးကွက်အတွင်းသို့ ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည်ခရိုင်နှင့် မြင်းခြံခရိုင်တို့မှ စိုက်ပျိုးထွက်ရှိ သည့်ပဲကြီးသီးနှံများ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့်မကွေးတိုင်းဒေသကြီးတို့မှ ထွက်ရှိသည့်ပဲကြီး သီးနှံများလည်း ဝင်ရောက်မှုများကြောင်း သိရပါတယ်။ မန္တလေးတိုင်းဒေသကြီးအနေဖြင့် ပဲကြီး သီးနှံအပါအဝင် ပဲမျိုးစုံစိုက်ပျိုးမှု ၂၀၂၃-၂၀၂၄ ခုနှစ်တွင် ၁၂၇၀၂၂၇ဧကဖြစ်ပြီး၊၂၀၂၄-၂၀၂၅ ခုနှစ်တွင် ၁၀၁၉၄၇၇ ဧကဖြစ်သည့်အတွက် ပဲမျိုးစုံစိုက်ဧကလျော့နည်းသွားကြောင်း စိုက်ပျိုးရေး ဦးစီးဌာန၏စာရင်းများအရ သိရပါတယ်။မန္တလေးပွဲစား၊ကုန်သည်၊ စက်ပိုင်များမဟာ ကထိန်တော် အသင်းတွင် ၂၀၂၅ခုနှစ်ဖေဖော်ဝါရီလနောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသော ပေါက်စျေးမှာ ၃တင်းဝင်တစ်အိတ်လျှင် ပဲကြီး(ကြီး)၂၆၅၀၀၀ကျပ်၊ပဲကြီး(လတ်) ၂၆၀၀၀၀ကျပ်၊ ပဲကြီး(သေး) ၂၄၀၀၀၀ကျပ်၊ တစ်ပိဿာပေါက်စျေးမှာပဲကြီး(ကြီး)၄၇၉၆ကျပ်၊ ပဲကြီး(လတ်) ၄၇၀၆ ကျပ်နှင့် ပဲကြီး (သေး) ၄၃၄၄ကျပ်ဖြစ်ကြောင်း သိရပါတယ်၊။ ယခင်နှစ်ကာလတူအချိန်တွင် ပဲကြီး (ကြီး) ၃တင်းဝင်တစ်အိတ်လျှင် ၃၅၅၀၀၀ကျပ်နှင့်တစ်ပိဿာလျှင် ၆၄၂၅ ကျပ်စျေးဖြစ်ပေါ်ခဲ့ပြီး၊ ယခုနှစ် ပေါက်စျေးနှင့်ယခင်နှစ်ပေါက်စျေးနှိုင်းယှဉ်ပါက ပဲကြီးစျေးလျော့နည်းသွားကြောင်း သိရပါတယ်။ ပဲကြီးသီးနှံဝင်ရောက်မှုပမာဏပေါ်မူတည်၍ ရက်အလိုက်ပေါက်စျေးအနည်းငယ် ပြောင်းလဲမှုရှိ ကြောင်း သိရပါတယ်။ပြည်တွင်း၌ပဲကြီးသီးနှံမှာ အရောင်းသွက်သည့်ပဲတစ်မျိုးဖြစ်ပြီး၊ ပြည်တွင်း စားသုံးမှုပမာဏများပြားခြင်းနှင့်ပြည်ပတင်ပို့သည့်စျေးကွက်လိုအပ်ချက်များသည့် ပဲတစ်မျိုးဖြစ် ကြောင်း သိရပါတယ်။
DOCA(မန္တလေး)