Main menu

ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသည့် ဖရဲသီးဈေးနှုန်း၊ ဈေးကွက်အခြေအနေ

Powered by Drupal

           ကန့်ဘလူမြို့“မြို့မဈေး”နှင့် သစ်သီးမျိုးစုံရောင်းချသည့်ဆိုင်များတွင် ရာသီစာဖရဲသီးများကို ရောင်းချလျက်ရှိပြီး မန္တလေးမြို့ပေါ်ရှိ သစ်သီးပွဲရုံများမှမှာယူ၍ ပြန်လည်ရောင်းချကြောင်းသိရ သည်။ ဖရဲသီးသည်  အရည်ရွှမ်းပြီးချိုသောကြောင့်  သရေစာအဖြစ်လည်းကောင်း၊ အဖျော်ရည်ဆိုင် များမှလည်း ဖရဲသီးဖျော်ရည်ပြုလုပ်၍လည်းကောင်း၊ ဖရဲသီးကိုစိပ်၍သော်လည်းကောင်း ရောင်းချ လျက်ရှိရာ ဝယ်ယူစားသုံးသူများ များပြားလျက်ရှိကြောင်းသိရသည်။ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ တတိယပတ်အတွင်း   ဖရဲသီးဈေးနှုန်းမှာ ဖရဲသီးအသေး(၁)လုံးလျှင် (၄၀၀၀)ကျပ်၊ ဖရဲသီးအကြီး (၁)လုံးလျှင် (၅၅၀၀)ကျပ်ရှိခဲ့ရာ ဖေဖော်ဝါရီလ စတုတ္ထပတ်အတွင်း ဖရဲသီးအသေး(၁)လုံးလျှင် (၄၂၀၀)ကျပ်၊ ဖရဲသီးအကြီး(၁)လုံးလျှင်(၆၀၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ ယခင်အပတ်ဈေးနှုန်း များနှင့်ယှဉ်ပါက ဈေးနှုန်းအနည်းငယ်မြင့်တက်လာကြောင်း၊ လူကြီးလူငယ်မရွေးကြိုက်နှစ်သက်သောကြောင့် ရောင်းအားကောင်းကြောင်း ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသောသစ်သီးဆိုင် များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)