Main menu

ကန့်ဘလူခရိုင်၌ ဖြစ်ပေါ်နေသော ကွမ်းသီးဈေးနှုန်း၊ ဈေးကွက်အခြေအနေ

Powered by Drupal

            စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၌ ကွမ်းသီးပင်များကို နေအိမ်ခြံဝင်းများ၌ မိသားစု အပိုဝင်ငွေရရှိသည့်အတွက် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြကြောင်း၊ ကွမ်းသီးများကို ကန့်ဘလူခရိုင် အတွင်းမှလည်းကောင်း၊ ဘိတ်ဒေသမှလည်းကောင်းဝယ်ယူပြီး ကွမ်းသီးစိတ်များပြုလုပ်၍ ပြန်လည်ရောင်းချလျက်ရှိကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ်၊ ဖေဖေါ်ဝါရီလ စတုတ္ထပတ်တွင် ကန့်ဘလူခရိုင်၏ ကွမ်းသီးစိတ်ဈေးနှုန်းများမှာအရည်အသွေးပေါ်မူတည်၍ ကွမ်းသီးစိတ်လက်ကားဈေး(ရှယ်)တစ်ပိဿာလျှင် (၁၉၅၀၀)ကျပ်၊ လက်လီဈေး(ရှယ်)တစ်ပိဿာလျှင်(၂၀၅၀၀)ကျပ်၊ ကွမ်းသီးစိတ်(လတ်)တစ်ပိဿာလျှင် (၁၈၂၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်ပတ်ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ကွမ်းသီးစိတ် (ရှယ်)လက်လီ/လက္ကားဈေးမှာ တစ်ပိဿာလျှင်(၃၀၀)ကျပ်၊ ကွမ်းသီးစိတ်(လတ်)တစ်ပိဿာလျှင် (၂၀၀)ကျပ် မြင့်တက်လာကြောင်း၊ ဈေးကွက်အနေဖြင့် ကန့်ဘလူမြို့ပေါ်ရှိဆိုင်များနှင့်ကျေးရွာများ၊ ကျွန်းလှမြို့နယ်သို့ လက်လီ/လက္ကားဖြန့်ဖြူးလျက်ရှိကြောင်း  ကန့်ဘလူမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ ကွမ်းသီးစိတ် ရောင်းဝယ်ရေး လုပ်ငန်းရှင်၏ပြောပြချက်အရ သိရှိရပါသည်။

DOCA(စစ်ကိုင်း)