
စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အနေဖြင့် ဒေသတွင်း စိုက်ပျိုးထွက်ရှိသည့် သီးနှံဈေးနှုန်းများ၊ ရာသီပေါ်အစားအစာများ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေ တို့အား ရေးသားတင်ပြလျက်ရှိရာ ယခုအခါ ကန့်ဘလူမြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင်ရောင်းချလျက်ရှိသည့် နှမ်းပျစ်(ခေါ်)နှမ်းကပ်ယိုကို ကန့်ဘလူမြို့နယ်မှထွက်ရှိသလို ရွှေဘိုမြို့ရှိလက္ကားဆိုင်များမှ ဝယ်ယူရောင်းချကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ ဖေဖေါ်ဝါရီလ စတုတ္ထပတ်တွင် ရောင်းချနေသော နှမ်းပျစ်(ခေါ်)နှမ်းကပ်ယို ဈေးနှုန်းမှာ (၁)ပိဿာလျှင် (၁၈၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၉၀၀၀)ကျပ်နှင့် (၁၀)ကျပ်သား လျှင်(၂၀၀၀)ကျပ်ဖြင့် ရောင်းချကြောင်း၊ နှမ်းပျစ်(ခေါ်)နှမ်းကပ်ယိုကို နှမ်းလှော်၊ ထန်းလျက် စသည့်တို့ဖြင့် ပြုလုပ်ထားသည့်အတွက် လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်၍ အရောင်းသွက်လျက်ရှိကြောင်း လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)