Main menu

တောင်ငူခရိုင်အတွင်း ဖြစ်ပေါ်နေသော စပါးဈေးနှုန်း

Powered by Drupal

          စပါးသည် မြန်မာနိုင်ငံ၏ အဓိကထွက်ကုန်ဖြစ်ပြီး ဆည်ရေရရှိသောဒေသများတွင် နွေစပါး ကိုပါစိုက်ပျိုးကြ၍ မိုးစပါးနှင့်နွေစပါးဟူ၍ နှစ်မျိုးရှိပါသည်။

          တောင်ငူခရိုင်အတွင်းရှိ မြို့နယ်များတွင် (2023-2024)မိုးစပါးလက်ကျန်မှာ တင်း(100)လျှင် (1900000/-) ကျပ်မှ (2300000)ကျပ်အတွင်း အရောင်းအဝယ်ဖြစ်ပေါ်လျှက်ရှိပြီး ယခုအချိန်တွင် တဖြည်းဖြည်းအရောင်း အဝယ်ပါးလာပြီး (2024-2025) မိုးစပါးအသစ်များသာ အရောင်းအဝယ် ဖြစ်ပေါ်လျက်ရှိပါသည်။ (2024-2025) မိုးစပါးအသစ်မှာ မြို့နယ်အလိုက် (46)ပေါင် တင်း(100)လျှင် (1700000/-)ကျပ်မှ (2000000/-)ကျပ်အတွင်း ရောင်းဝယ်လျှက်ရှိကြောင်း ကောင်းပြည့်ဆန်စက် လုပ်ငန်းရှင် ဦးမျိုးမြင့်အောင်၏ ပြောကြားချက်အရသိရှိရ ပါသည်။

DOCA(ပဲခူး)