Main menu

ကန့်ဘလူမြို့နယ်တွင် တစ်နိုင်တစ်ပိုင် ရုံးပတီစိုက်ပျိုးခြင်းဖြင့် ဝင်ငွေရရှိ

Powered by Drupal

           စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် စားသုံးသူကာကွယ်ရေး လုပ်ငန်းများအပြင် အခြားသောသတင်းအချက်အလက်များကိုလည်း သိရှိလေ့လာနိုင်စေရန်ရည်ရွယ်၍ ဒေသတွင်းရှိ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၏ စိုက်ပျိုးထုတ်လုပ်မှု၊ အကျိုးအမြတ်ရရှိ မှုတို့ကို ကွင်းဆင်းလေ့လာပြီး ရေးသားတင်ပြလျက်ရှိကြောင်း သိရသည်။

          ကန့်ဘလူမြို့နယ်တွင် စိုက်ပျိုးရလွယ်ကူပြီး မြေနေရာအကျယ်အဝန်း အများကြီးမလိုသော ရုံးပတီသီးကို မိသားစုစားသုံးရန်အတွက်သာမက ရောင်းချခြင်းဖြင့် အပိုဝင်ငွေရရှိသောကြောင့် စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးစရိတ်ကုန်ကျမှုနည်းပြီး စိုက်ပျိုးသော မျိုး၊ နည်းစနစ်နှင့် အပင်ပြုစုမှု တို့အပေါ်မူတည်၍ တစ်ဧကလျှင် (၁၀၀၀-၂၅၀၀)ပိဿာခန့် ထွက်ရှိကြောင်း သိရသည်။

          ယခုအခါ စားသောက်ဆိုင်များ၊ အကင်ဆိုင်များတွင် ရုံးပတီသီးသည် လူအများကြိုက်နှစ်သက်သည့် အစားအစာဖြစ်ပြီး ကန့်ဘလူမြို့မဈေးတွင် ရုံးပတီသီး(၅၀)ကျပ်သားလျှင် (၁၃၀၀)ကျပ်၊ (၁)ပိဿာလျှင်(၂၅၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ ရုံးပတီသီးကို မိမိတို့နေအိမ်ခြံဝန်း၌လည်းကောင်း၊ ယာကွက်များ၌လည်းကောင်း စိုက်ပျိုးထွက်ရှိသည့်အတွက် ဟင်းတစ်ခွက်အပြင် အသီးကို ခူးဆွတ်ရောင်းချခြင်းဖြင့် မိသားစုဝင်ငွေရရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)