Main menu

တောင်ငူမြို့နယ်အတွင်း ပဲမျိုးစုံဈေးနှုန်းတည်ငြိမ်နေသော်လည်းအရောင်းသွက်နေ

Powered by Drupal

          ပဲသည် Fabaceae နွယ်ဝင်အပင်ကြီးမျိုး၏ အစေ့ဖြစ်ပြီး လူနှင့် တိရိစ္ဆာန်တို့အတွက် အစာအဖြစ်အသုံးပြု လေ့ရှိပါသည်။ ပဲကို နည်းလမ်းအမျိုးမျိုးဖြင့် ချက်ပြု၍ဖြစ်စေ၊ မုန့်ပြုလုပ်၍ ဖြစ်စေစားသုံးနိုင်ပါသည်။

          တောင်ငူမြို့နယ်အတွင်း မြေပဲတစ်ပိဿာလျှင် 10000/-ကျပ်၊ ပဲနီလေးတစ်ပိဿာလျှင် 16000/-ကျပ်၊ စားတော်ပဲတစ်ပိဿာလျှင် 8500/-ကျပ်၊ ပဲထောပတ်တစ်ပြည်လျှင် 6500/-ကျပ်၊ အသင်းပဲတစ်ပြည်လျှင် 6000/-ကျပ်နှင့် ပဲနီပြား(စွန်တာနီ) တစ်ပြည်လျှင် 12000/-ကျပ်ဖြင့် ရောင်းချလျှက်ရှိပြီး ယခင်လအတိုင်း ဈေးနှုန်းတည်ငြိမ်လျှက်ရှိပါသည်။ ယခုလအတွင်း ပဲဈေးနှုန်း တည်ငြိမ်နေသော်လည်း  အရောင်းအဝယ်သွက်လျက်ရှိကြောင်း ဒေါ်သိန်းလှပွဲရုံလုပ်ငန်းရှင် ဒေါ်သိန်းလှ၏ ပြောကြားချက်အရသိရှိရ ပါသည်။

DOCA(ပဲခူး)