
နွေဦးရာသီတွင် သရက်ဖူးလေးများလှိုင်လှိုင်ပွင့်နေကြပါသည်။ ပူအိုက်လာသော ရာသီဥတု ဖြစ်လာသည်နှင့်အမျှ အစားအသောက်များပျက်လာတက်ကြပါသည်။ အစားအသောက်ပျက်ချိန်တွင် အချိုအချဉ် အရသာများကို ခံတွင်းတွေ့တက်ကြပါသည်။
သရက်သီးသည် အနံ့၊ အရသာ၊ ၊ အရောင်အဆင်းများနှင့်ပြည့်စုံသည့်အပြင် သရက်သီးကို စားသုံးခြင်းကြောင့် အကျိုးကျေးဇူးများစွာရရှိစေကြောင်း လေ့လာချက်များအရ သိရှိရပါသည်။ သရက်သီးတွင် Vitamin A၊ Vitamin C၊ Vitamin K၊ VitaminE နှင့် Vitamin B တို့ပါဝင်သောကြောင့် ကိုယ်ခံအားကို မြှင့်တင်ပေးနိုင်ပါသည်။ သရက်သီးတွင် ဖောလစ်အက်စစ် ပါဝင်သောကြောင့် ကိုယ်ဝန်ဆောင်မိခင်များအတွက် စားသုံးသင့်သော အသီးတမျိုး ဖြစ်ပါသည်။ သရက်သီးတွင် အမျှင်ဓါတ်နှင့် ရေဓါတ်ပါဝင်သောကြောင့် အူလမ်းကြောင်း ကျန်းမာရေးအတွက်များစွာ အကျိုးရှိစေ နိုင်ပါသည်။ ယခုအခါ သရက်သီး အရွယ်အစားပေါ်မူတည်၍ တစ်ပိဿာလျှင် ၃၅၀၀ ကျပ်မှ ၆၅၀၀ ကျပ်အထိ ဈေးကွက်ဖြစ်ပေါ်နေကြောင်း ညောင်ပင်လေးဈေး အတွင်းရှိ ဈေးသည်များ၏ ပြောကြား ချက်အရသိရှိရပါသည်။
DOCA(ပဲခူး)