Main menu

တောင်ငူမြို့နယ်အတွင်းရှိ ထန်းလျက်ဈေးကွက်

Powered by Drupal

          ထန်းလျက်ဆိုသည်မှာ ထန်းရည်ချိုကိုချက်၍ရသောအစားအစာတစ်မျိုးဖြစ်ပါသည်။ ထန်းလျက်သည် အချိုဓါတ်ပါသောစားစရာတစ်မျိုးဖြစ်ပြီး ထန်းလျက်ကိုတမျိုးတည်းစား၍ရသလို အရည်ကျို၍ မုန့်လက်ကောက်ကြော်၊ နှမ်းကပ်ကြော်တို့နှင့်တို့၍လည်းကောင်း အမျိုးမျိုးလုပ်စား၍ ရပါသည်။

          ထန်းလျက်တွင် ကယ်လိုရီနှင့်ကာဗိုဟိုက်ဒရိတ်ဓါတ်များပါဝင်သည့်အပြင် ဖရက်တို့၊ ဂလူးကို့စ်၊ ဆူးခရို့စ်၊ သံဓါတ်၊ ကယ်လဆီယမ်၊ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်နှင့် ခန္ဓာကိုယ် အတွက်လိုအပ်သော အခြားသတ္တုဓါတ်များလည်းပါဝင်ပြီး Vitamin C နှင့် Vitamin A တို့ ကြွယ်ဝစွာ ပါဝင်သောကြောင့် ကင်ဆာရောဂါဖြစ်နိုင်ခြေကို လျော့ကျစေသောကြောင့် စားသုံးသင့်သော အစား အစာတမျိုးဖြစ်ပါသည်။ တောင်ငူမြို့နယ်အတွင်း ထန်းလျက်တောင့် တစ်ပိဿာလျှင် ၆၅၀၀ ကျပ်၊ ထန်းလျက်(အဖြူ/အညို) တစ်ပိဿာလျှင် ၆၀၀၀ ကျပ်၊ ကြံသကာတစ်ပိဿာလျှင် ၆၀၀၀ ကျပ်၊ ထန်းလျက်ပျဉ်းတစ်ပိဿာလျှင် ၆၅၀၀ကျပ်ဖြင့် ပုံမှန်ရောင်းဝယ်လျက်ရှိကြောင်း စိန်သရဖူကုန်စုံ ဆိုင်ပိုင်ရှင်ဖြစ်သူ ဦးအာရ်ဂျွန်း၏ပြောကြားချက်အရသိရှိရပါသည်။

DOCA(ပဲခူး)