
ရွှေဘိုခရိုင်တွင် ဖူးစားပြောင်းကို မိုး/ဆောင်း ဧက (၂)သောင်းကျော် နှစ်စဉ် စိုက်ပျိုး လျက်ရှိပြီး ဖူးစားပြောင်း အများဆုံး စိုက်ပျိုးသော ဝက်လက်၊ရေဦးစသည့် မြို့နယ်များမှ ဖူးစားပြောင်း(သကြားပြောင်း)များ ဖေဖော်ဝါရီလဆန်းပိုင်းမှစတင်၍ ရွှေဘိုမြို့ပေါ်ရှိ သီးနှံပွဲရုံများသို့ လှိုင်လှိုင် ဝင်ရောက်လျက်ရှိပါသည်။
ယခု ဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် ဖူးစားပြောင်း (သကြားပြောင်း) (၁၁၀)ဖူးပါ တစ်အိတ်လျှင် (၆၀၀၀၀)ကျပ်မှ (၇၀၀၀၀)ကျပ်ထိပေါက်ဈေးရှိပြီး တစ်နေ့လျှင် ဖူးစားပြောင်း(သကြားပြောင်း) အိတ်ရေ (၅၀)ခန့် ပုံမှန်ဝင်ရောက်လျက်ရှိကြောင်း၊ ဝင်ရောက်လာသော ဖူးစားပြောင်း များကို ရွှေဘိုမြို့ပေါ်ဈေးများရှိ လက်လီ ပြန်လည်ရောင်းချသော ဈေးသည်များကို ဖောက်သည် ပြန်ပေးသည့်အပြင် စားသောက်ဆိုင်များ၊မာလာရှမ်းကောဆိုင်များ၊ ဆိုင်ကယ်ဖြင့် လှည့်လည်ရောင်းချသော ဈေးသည်များနှင့် စားသုံးသူများမှ ဝယ်ယူကြပြီး ဝင်ရောက်သမျှ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ရွှေဘိုမြို့ စည်ပင်သာယာဈေးအနီးရှိ သီးနှံပွဲရုံတစ်ခုမှ သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)