
ဖေဖော်ဝါရီလ လဆန်းပိုင်းမှစ၍ ရွှေဘိုမြို့တွင် မန်ကျည်းသီးမှည့် အသစ်များ ဈေးကွက်အတွင်း စတင်ဝင်ရောက်လာကာ ယခု ဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် မန္တလေးမြို့ ပွဲရုံများမှ မှာယူရောင်းချသည့် မန်ကျဉ်းသီးမှည့်အသစ် တစ်ပိဿာလျင် (၁၂၀၀၀)ကျပ်မှ (၁၅၀၀၀)ကျပ်ထိပေါက်ဈေးရှိပြီး ၊ ယခင်နှစ်မှ လက်ကျန် မန်ကျည်းသီးမှည့် တစ်ပိဿာလျင် (၆၀၀၀)ကျပ်မှ (၈၀၀၀)ကျပ် ဖြင့်သာ အရောင်းအဝယ် ဖြစ်နေကြောင်း မန်ကျည်းသီးမှည့် လက်ကားရောင်းချသူ တစ်ဦးထံမှ သိရသည်။
ရွှေဘိုမြို့တွင် မန်ကျည်းသီးမှည့် အသစ်များ နေ့စဉ် ပိဿာ ၁၀၀ခန့် ဝင်ရောက် လျက်ရှိပြီး တိုင်းရင်းဆေးဖော်မည့် လုပ်ငန်းရှင်များ၊ မန်ကျည်းဖျော်ရည် ရောင်းချသူများနှင့် စားသောက်ကုန်ပြုလုပ်ရောင်းချသည့် လုပ်ငန်းရှင်များမှ ဝယ်ယူလျက်ရှိကြောင်း သတင်း ရရှိသည်။
DOCA(စစ်ကိုင်း)